နားလည်မှုတွေနဲ့ ပြေလည်သွားပြန်သည့်
နောက်တစ်နေ့မနက်ခင်းမှာ ကောင်ကလေး
ကျောင်းသွားဖို့ရာကျွန်တော်ပြင်ဆင်ပေးနေသည်။
ကုတင်ပေါ်ငြိမ်ငြိမ်ကလေးထိုင်နေသူလေးကို
နက်ပြာရောင်အင်္ကျီလေးကိုဝတ်ပေးနေရင်း
ဆံကေတိုတိုလေးကိုခေါင်းဖြီးပေးလို့နေသည် ။" ကိုကြီး အဲဖုန်းကထပ်ထပ်ဆက်သေးလား "
" ဆက်တယ် နောက်ထပ်ငါးခါလောက် "
မနေ့ကမနက်ကဖြစ်သည့်ကိစ္စတွေကြောင့်
မိုင်သည် သူပိုင်သည့်ဖုန်းလေးကိုပင် တစ်စက်မှမထိတော့ ။ မနေ့ကတည်းက ကျွန်တော့်ဆီမှာပဲရှိရာကနေ အခုမနက်
ကောင်လေးကျောင်းသွားမည်ဆိုကာမှ
လက်လေးထဲပြန်ထည့်ပေးတော့ အခုလိုလေး
မေးလို့လာသည် ။" ကိုယ် ဖုန်းနံပါတ်တော့ပြောင်းထားတယ် "
" ဟုတ် ကိုကြီး "
နားဝင်ချိုသောဖြေသံလေးသည် မနေ့က
သူမဟုတ်သလို အရမ်းကိုလိမ္မာနေပါသည် ။
စိတ်ဆိုးစိတ်ကောက်ရင် ဘယ်လိုဆိုးပြီး
အသည်းယားစရာကောင်းလဲဆိုတာ မနေ့ကမှ
ကိုယ်တွေ့မြင်ခဲ့ရသည် ။ အူယားလွန်းလို့
အချိန်ဆွဲကာမှ ကောင်လေးရဲ့မျက်ရည်တွေကို
မြင်တော့လည်းပြာပြာသလဲ အရာရာကို တောင်းပန်စကားဆိုရတော့သည် ။" ကိုကြီးကျောင်းထဲကိုလိုက်ခဲ့အုံးမှာလား
အဲဒီသူနဲ့တွေ့ဖို့ "ကျွန်တော်ကျောင်းထဲလိုက်ခဲ့ရင် ဖုန်းဆက်သည့်သူနှင့်တွေ့ကောင်းတွေ့နိုင်မယ် ပြီးရင် ပြောကြဆိုကြ အခန့်မသင့်ရင် ထိုးကြကြိတ်ကြသည်အထိ ဖြစ်ကြမှာကို စိုးရိမ်နေသော အသံငယ်လေးကမဝံ့မရဲ အမေးပြုလို့လာတော့ ။
" မလိုက်ဘူး မိုင်
အခုမဟုတ်လည်း နောင်အခါတွေကြုံရမယ့်
အသေးအဖွဲ့လေးတွေပဲ "" ..... "
" ယုံတယ် မိုင့်ကိုယုံတယ်
ဒါကြောင့် ကိုယ်သူနဲ့တွေ့စရာအကြောင်းမရှိဘူး "ဝင်းလက်သွားသည့်မျက်ဝန်းဝိုင်းလေးတစ်စုံက
ကျွန်တော့်ကိုစိုက်ကြည့်လို့လာသည် ။ ထိုနောက်
ရှေ့ကထိုင်နေသည့်ကျွန်တော်နားကို ရှေ့ကုတင်ပေါ်ကသူလေးတိုးလို့လာပြီး
သိမ်မွေ့စွာထွေးပိုက်လို့ထားသည် ။ လည်တိုင်ကို
သိုင်းဖက်လျက် ခေါင်းလေးကျွန်တော့်ပုခုံးပေါ်
တင်ထားတာအချိန်တန်ကြာ ။