28 ...

30.6K 3.7K 244
                                    


ထိုညခင်းအချိန် ။

မနက်ဖြန်ပြန်မည်ဆိုတာသေချာသွားပြီကြောင့်
ကျွန်တော်အလုပ်ရှုပ်နေသည် ။ ရွာပြန်ယူဖို့ အဝတ်အစားပစ္စည်းတွေကိုထုတ်ပိုးနေခြင်း မဟုတ်ပဲ ကိုကြီးကြောင့်သာအလုပ်ပိုနေရသည် ။
အခုလိုအလုပ်ပိုအောင်လည်းကိုယ်တိုင်ပဲ ဖန်တီးခြင်းဖြစ်သည် ။ ကြီးကြီးဆီတာဝန်ပေးခဲ့လို့ ရပေမယ့် မီးဖိုချောင်လုပ်ငန်းတွေရော ကိုကြီးအတွက်တွေရောဆို အသက်အရွယ်နှင့် မလိုက်အောင်ပြေးလိုက်တက်လိုက်ဖြစ်နေမှာကို
စိုးလှသည် ။ ထိုကြောင့်သာ ကျွန်တော်မရှိတဲ့
နှစ်ရက်သုံးရက်အတွင်း  ကိုကြီးအဆင်ပြေဖို့ရာ
အဝတ်အစားများကိုကြိုထုတ်ပေးဖို့ ကျွန်တော်
ပြင်ဆင်နေမိသည် ။

ညအချိန် ၈ နာရီဝန်းကျင်လောက်ပင်ရှိပြီ ။
ကြမ်းခင်းပေါ်အိစက်စက်အမွှေးထူထူအခင်းကို
ခင်းကျင်းကာခန္ဓာကိုယ်ကိုကျကျနနထိုင်လို့
ကုတင်ပေါ်ကိုစားပွဲလုပ်ကာ အဝတ်စားတွေကို
တင်ထားသည် ။ ဘယ်နေ့ဘာဝတ်လို့ရေးဖို့ရာ
လိုအပ်သည့် ဘောပင်အစစတို့ကလည်း ကိုကြီးကုတင်ပေါ်နေရာယူလို့ ။

" ကိုကြီး "

ကျွန်တော်ထိုင်ရာနောက်ကျောဘက် နည်းနည်းအလှမ်းမှာအလုပ်လုပ်နေသော ကိုကြီးကိုလှည့်မကြည့်ပဲခေါ်လိုက်သည် ။
ကိုကြီးအခန်းကျယ်ကြီးထဲ တစ်ဦးနှင့်တစ်ဦး
ကျောပေးကာကိုယ့်အလုပ်နှင့်ကိုယ် ။

" အင်း "

" အိပ်ယာခင်းတွေကိုတော့ မနက်ဖြန်မနက်ကျမှလဲပေးခဲ့မယ်နော်
ပြန်မှာသုံးရက်လောက်ဆိုတော့ ကွက်တိပဲ မိုင်ပြန်လာမှအသစ်ထပ်လဲပေးမယ်နော် "

" အင်း "

" ပြီးတော့ ကိုကြီးရေ
နောက်နှစ်ရက်သုံးရက်မှာ ဝတ်ဖို့
မိုင်ရွေးပြီးထုတ်ထားပေးတယ်
ဘယ်လိုဝတ်ဖို့စာလေးတွေရောကပ်ထားတယ်
ပြီးရင် ဗီဒိုထဲသေချာထည့်ပေးခဲ့မယ်
ကိုကြီးကယူပြီးဝတ်ရုံပဲနော် "

" အင်း မိုင်
ကိုယ်အဆင်ပြေပါတယ်
မနက်ဖြန်မနက်သွားရမှာကို
စောစောနားရမယ်လေ "

" မိုင် အိပ်မပျော်လို့
ဒါလေးပြီးမှနားတော့မယ် "

" ဒါနဲ့ မိုင်.... ကိုယ်မေးချင်တယ် "

"" Mile "" ..... Love you Where stories live. Discover now