18 ...

33.5K 4.2K 530
                                    



November 12
Next morning >>>>

တစ်နေ့တစ်နေ့နေသားတကျဖြစ်လာသည့်
နေ့ရက်တွေ ။ လုပ်နေကျ သွားနေကျ
၇ နာရီအမှီပြင်ရဆင်ရသေးသည် ။ အိပ်ယာခင်း ခေါင်းအုံးလဲသည့်နေဆို သန့်သန့်ရှင်းရှင်း လဲလှယ်လို့ အနက်တွေသာရှိသည့် သူ့အဝတ်အစားတွေကိုလည်းတစ်နေ့တစ်မျိုး
မထပ်အောင်စီစဉ်ပေးသေးသည် ။ သူနှင့်လည်း
တစ်နေ့ထက်တစ်နေ့ပိုအဆင်ပြေလာသည့် နေ့ရက်တွေ ။ ပြီးတော့ သူ့မိဘတွေလာတုန်းက
နောက်ဆုံးထားပြီး သူကျွန်တော့်ကို မအော်တော့ဘူး ။

အခုမနက်လည်း အပေါ်ထပ်သူ့ကိစ္စအလုံးစုံကို
ပြီးစီးကာမှ အောက်ထပ်ကိုပြန်ဆင်းကာ
သူ့အတွက်မနက်စာကို ကြီးတင်နှင့်အတူ
ကူပြင်ပေးသည် ။ အလုပ်သမားများစွာ
သူ့နေရာနှင့်သူရှိပေမယ့် ကျွန်တော်အားလုံးကို မသိပေ ။ အနီးကပ်ဆုံးအတူရှိရသည့် သူနှင့်
ကြီးတင်ကိုတော့တကယ်ကြီးခင်တွယ်မိသည် ။

" လူလေးရေ
ဒါလေးရောထားလိုက်
ရှိုးလေးက စားတတ်တယ် "

" ဟုတ် "

ကြီးတင်လှမ်းပေးတဲ့ မုန့်ထုတ်လေးကို
ယူပြီးစားပွဲပေါ်တင်ထားလိုက်သည် ။ ဒီနေ့မနက်စာလေးက ကော်ဖီလက်ဖက်ရည်
သူကြိုက်နှစ်သက်ရာသောက်စေဖို့ရာနှင့်
မုန့်မျိုးစုံကိုဖွယ်ဖွယ်ရာရာပြင်ပေးထားသည် ။
ခေတ္တကြာတော့ သူဆင်းလာလေသည် ။ စားပွဲ
ဘေးနားမှာရပ်စောင့်နေပေမယ့် သူကဆက်မလာပဲ
စကားကိုအရင်လှမ်းပြောသည် ။

" ဟိုနေ့ကလို ခေါက်ဆွဲအရည်တွေနဲ့ဟာလား
အဲဒါဆိုမစားဘူး သွားတော့မယ် "

" မဟုတ်ပါဘူး သားရယ်
ကြီးတင် ကော်ဖီနဲ့မုန့်လေးပြင်ထားတာပါ "

ကြီးတင်ကဝင်ဖြေလိုက်မှ စားပွဲဆီကိုဆက်လျှောက်လာကာ
မနက်စာကိုစားသည် ။ သူပြောလိုက်တဲ့
ခေါက်ဆွဲဟူသည် တွေးကြည့်စရာပင်မလို ။
ဘကြီးပြန်သည့်နေ့က သူ့ကိုငေးနေမိရင်း
ဆီချက်ရေလုံပြုတ်ဖြစ်သွားရသည့် ခေါက်ဆွဲကို ဆိုလိုချင်းပင် ။ အမယ် အဲခေါက်ဆွဲဆို
မစားပဲအလုပ်သွားမယ်ဆိုပဲ ။ နေ့တိုင်းကို
လုပ်ပေးလိုက်မှာနော်ဘာမှတ်နေလဲ ။

"" Mile "" ..... Love you Where stories live. Discover now