34 ...

28.5K 3.4K 380
                                    


မြောက်တောရိုးဆီရောက်ခါနီးတွင်
ကားဖြင့်ဆက်သွား၍အဆင်မပြေတော့သည် ကြောင့် လမ်းဘေးနားကဘုရားစေတီလေး
ရှေ့နည်းနည်းအကျော်တွင်ကားကိုရပ်လိုက်သည်။
ထိုနောက် လေးယောက်သားကားပေါ်ကဆင်းကာ
ရှေ့ခရီးကိုခြေလျင်သာဆက်လျှောက်ကြသည် ။
သစ်ရိပ်သစ်နွယ်တွေဘေးတစ်ဖက်တစ်ချက်စီဝယ်
ကောင်းကောင်းကြီးပြင်းနေသည်မို့ နေရောင်ခြည် ကထိုးမဖောက်နိုင် ။ သစ်ရွက်ငယ်လေးတွေ
ဆောင်ယူရာလေအေးအေးလေးဖြင့်သာ
အေးချမ်းလှပေသည် ။ ရှေ့က သာစိန်တို့ကား
ခုန်ဆွခုန်ဆွနှင့်ပြေးကာခုန်လိုက် တည့်တည့်
လျှောက်လိုက်နှင့်ပင် ။ ဘေးကပ်ရပ်က နားခိုရာကြီးကတော့ တည်တည်ငြိမ်ငြိမ်သာ
ခြေလှမ်းတွေလှမ်းသည် ။ လေးအေးလေးတွေ ကြောင့် ဆံသားလေးတွေကလည်း လေမှာလူလွင့်ပျံနေပြီး အကြည့်တွေကလည်း
ဘေးတစ်ဖက်ကမျက်စိအဆုံး စပါးခင်းကြီးတွေ
နှမ်းခင်းကြီးတွေဆီသာမက်မက်မောမောကို
ရှုစားနေသည် ။

" ကိုကြီး ..... မြင်နေရတာတွေက မအေးချမ်းဘူးလား "

" အင်း အေးချမ်းတယ်
မျက်ဝန်းဝိုင်းဝိုင်းလေးနှစ်ဖက်ရယ်
ပါးအိအိလေးတွေရယ်အပါအဝင်
အကူမပါတဲ့နှုတ်ခမ်းရဲရဲလေးက
တစ်ခါပြုံးတိုင်းတစ်ခါအေးချမ်းရတယ် မိုင် "

ဘေးအလှတရားကိုမေးတာပေမယ့် ဒီလူကြီး
ပြောသမျှကျွန်တော့်ကိုနက်နက်နဲနဲကြည့်ကာ
ညွှန်းလေးတော့ရင်ခုန်မိပြန်သည်မှာအမှန်မို့
အကြည့်စက်ကွင်းထဲက ရုန်းထွက်မိပါသည် ။
စကားပါးသောကိုကြီးတစ်ခါပြောတိုင်းတစ်ခါ
မိုင်က ပိုပိုချစ်ရပါတယ်နော် ။

" လာ.... သာစိန်တို့ကိုအမှီလိုက်ရအောင် ကိုကြီး"

ရှေ့ကနေမစောင့်ပဲတော်တော်အဝေးကို
ရောက်သွားသည့်သာစိန်တို့ကိုမှီအောင်
ကိုကြီးလက်ကိုဆွဲရင်းပြေးသည် ။ နောင်နောင်
ကျန်ရှိနေတဲ့နေ့ရက်တွေအားလုံးကိုလည်း ဒီလိုလေးကိုကြီးလက်ကိုတွဲရင်းဖြတ်သန်း ချင်တယ် ။ ကိုကြီး မိုင်ကချစ်တာပဲသိတာမို့ပါ ။



" ဦးကြီးဖိုးဆွေရေ...... "

မြောက်တောရိုးကမိဂျမ်းတို့အိမ်နားရောက်တော့
သူမအဖေကိုသာစိန်တို့လှမ်းအော်ကြသည် ။
စူးစူးဝါးဝါးအော်ခေါ်သံကြောင့် အထဲက
ဦးကြီးဖိုးဆွေထွက်လို့လာသည် ။

"" Mile "" ..... Love you Where stories live. Discover now