5...

35.9K 4.2K 282
                                    

တစ်ညကုန်လို့တဖန်လင်းပြန်ပြီ ။
မြူခိုးဖျဖျသာဝေနေသော ဆောင်းဦးမနက်ခင်းမှာ
ကျွန်တော်နဲ့ဘကြီးတွင်တော့တာဝန်အသီးသီး ။

" ဘကြီး သားမေးစရာရှိတယ်ဗျ "

" နောက်မှမေးမြေးငယ်
ဒါလေးကိုအရင်လာပြင်ပေးဦး "

" ဟုတ်ကဲ့ပါဗျာ
ဒါနဲ့ ဘကြီး သူကဒီလိုလည်းစားတတ်တာပဲလား "

စတော်ပဲပြုတ်နဲ့ရောကာကြော်ထားသည့် မနက်ခင်းစာထမင်းကိုအကြော်စုံလေးရယ်နဲ့
မနေ့ကကျွန်တော်ထောင်းကာထားသော ငရုတ်သီးထောင်းလေးကိုပြင်ပေးထားကို
ကြည့်ရင်းစပ်စုမိပြန်သည် ။ ကျွန်တော်တို့ အညာမှာသာထမင်းကြော်ကိုစားလေ့ရှိပေမယ့်
မြို့ကြီးမြို့ပြသူဌေးတွေကရော ဒီလိုစားလေ့ရှိတာပဲလား ။

" အင်း စားပါတယ်လူလေးရဲ့
အမြဲတော့ဘယ်ဟုတ်မလဲ
ဒီနေ့ထမင်းကြော်ဆို မနက်ဖြန်ကျနောက်တစ်မျိုး
နောက်နေ့ကျနောက်တစ်မျိုးပေါ့ "

" အော်.. ဘာပဲပြင်ထားထား
ဘာမှမပြောပဲစားတယ်ပေါ့ "

" အင်း ရှိုးကအဲလိုပဲ
ဘာဆိုဘာမှမပြောဘူး "

" အာ...ဘကြီး
သားကို ချက်ပြုတ်တဲ့နေရာမှာထားလို့မရဘူးလား
ဘကြီးလည်းမပြန်နဲ့လေ ဒီတာဝန်ပဲယူပြီး
သားကချက်ပြုတ်မယ်လေဗျာ "

" အယ် ဒီကလေးတော့
မရပါဘူး ဘကြီးကဘာမှမလုပ်နိုင်တော့ပါဘူးဆို
အခုလိုလူလေးကချက်မယ်ပြုတ်မယ်ဆို
တင်တင် ကိုရောဘယ်လိုလုပ်မလဲ
သူအလုပ်နေရာပျောက်မှာပေါ့ "

" အာ..အဲဒါလည်းဟုတ်သား "

" ကဲကဲ ပေါက်ကရထပ်မတွေးနဲ့
သွားတော့ ရှိုးဆီကို
၇ နာရီထိုးတော့မယ် "

" ဗျာ.... ! သ.. သား သွားရမှာလား "

" အေးပေါ့ မြေးပဲသွားရမှာ
ညကတောင်အဆင်ပြေပြေပဲကို
ပြီးရင်ဒါမှလုပ်ကိုင်ရတာနေသားကျမှာ
သွား သွား "

ငြင်းမယ်ပင်မကြံရ အနောက်ကနေ တွန်းကာပို့နေသောဘကြီးကြောင့်
လှေကားတွေကိုဖြတ်ပြီးလို့ အပေါ်ကိုရောက်ပြီ ။
အနောက်ကိုပြန်လှည့်ကြည့်တော့ လှေကားခြေရင်းကနေ * သွား သွား ဟူသော
ဘကြီးရဲ့အမူအရာတွေကြောင့် သူ့အခန်းရှေ့ဆီ
ရပ်လို့နေပေပြီ ။ မနေ့ညက ဖြစ်သလိုသာ
ထားခဲ့ပေးတော့ ဖွင့်ရမှာခပ်လန့်လန့်သာ ။
မနေ့ကမနက်ကလို သူရေချိုးခန်းထဲကို
ရောက်နေပါစေဟုတောင်းဆုပြုရင်း
တံခါးကိုဖွင့်လိုက်သည် ။ တောင်းတဲ့ဆုနဲ့
လွဲပုံက မနေ့ညကရှိနေသည့် ကန့်လန့်အနေအထားအတိုင်းပင်
သူနှစ်ခြိုက်စွာ အိပ်စက်နေလို့ ။

"" Mile "" ..... Love you Where stories live. Discover now