Next morning >>>>>>
""" အေးစက်သွားတဲ့ ငါ့နှလုံးသား
မင်းနဲ့တွေ့မှနိုးလာတယ် ကွဲအက်သွားတဲ့
အသည်းဒဏ်ရာ မင်းရဲ့လက်နဲ့ပျောက်ကုန်ပြီ
ဟောင်းနွမ်းခဲ့တဲ့အိပ်မက်များ အေးစက်မဲမှောင်
ငါ့ညများ အိပ်မက်သစ်တွေမွေးဖွားလို့ ရင်ကိုနွေးထွေးသွား အကြင်နာညများ လင်းလက်သွား.......
သွေးကြောထဲမှာလည်ပတ်နေ
မင်းလေးပေးတဲ့အားအင်တွေ
ကိုယ့်ဘဝရဲ့အနက်အဓိပ္ပါယ်ဟာ
မင်းတစ်ယောက်တည်းအတွက်ဖြစ်လာမယ်
ဘဝရဲ့ခရီးကိုအတူလျှောက်မယ်
ဆင်းရဲချမ်းသာမျှဝေမယ် အားပေးနားလည်
ချစ်သူရယ် သေချာတဲ့အဖြေဟာ
ကိုယ်နဲ့မင်းနဲ့မခွဲတော့ဘူး .... အရာရာပိုင်ဆိုင်သမျှ
အားလုံးမင်းအတွက် စိတ်နဲ့ခန္ဓာအကုန်လုံးပဲ
ယုံကြည်နားလည်မှု ရှင်သန်နေမယ်ချစ်ခြင်းများ
ဒဏ်ရာတွေမရှိဘူး ကိုယ့်ရဲ့နံဘေးနားမင်းရှိနေရင်
ယှဉ်ဆိုင်ရဲတယ် အန္တရာယ်အားလုံး နင်းဖျက်သွားမယ် အချစ်စွမ်းအား """ဒီနေ့မှမကြားစဖူးကြားရသည့်သီချင်းသံက
ကျွန်တော့်ခြံဝန်းကျယ်ကိုဖြတ်လို့ အခန်းတွင်းထိ
ပျံ့လွှင့်လာသည် ။ ဘယ်ကနေဖွင့်နေလို့ ဒီလောင်ထိကျယ်နေခြင်းပါလိမ့် ။ တေးသွား
တစ်ကြောင်းချင်းစီက ကျွန်တော့်အတွက်များ
တေးစပ်ထားလေသလားမှတ်ရအောင်ကို
တိုက်ဆိုင်သည် ။ မျက်လုံးကိုတဖန်ပြန်မှိတ်ကာ
တစ်ပုဒ်လုံးကိုနှလုံးသားနှင့်ခံစားရင်း နားဆင်နေမိသည် ။ ထိုသီချင်းလေးပြီးသွားမှ မှိတ်ထားသည့်မျက်လုံးကိုပြန်ဖွင့်မိသည် ။
မနက်ခင်းဘယ်အချိန်ရှိပြီလဲမသိရသလို
ကျွန်တော်လည်းမျက်လုံးအဖွင့်အပိတ်ကလွဲပြီး
ဘာမှလှုပ်လို့မရပေ ။ အကြောင်းလေးသည်
မနေ့ညကအမူးသမားလေးသည် ကျွန်တော့်
ခန္ဓာကိုအိပ်ရာကုတင်ကြီးအမှတ်နှင့်
နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်စက်နေတုန်းမို့ပင် ။
ညတစ်ခုလုံး ကျွန်တော့်ကိုယ်ပေါ်မှာပဲ
အနေအထားအမျိုးမျိုးပြောင်းကာအိပ်သည် ။
အခုမနက်မှာတော့ ခေါင်းနှင့်ဒူးလေးထိမတတ်ကို
ပုဇွန်ကွေးလေးလိုပုံစံလေးဖြင့်အိပ်နေသည် ။
ဆောင်းတနွေးနွေးမို့ ချမ်းမှာကစိုးစိတ်ကြောင့်
စောင်အထူကြီးကိုထပ်ကာခြုံထားရသေးသည် ။