At 11 : 00 am ,
ကိုကြီးကအလုပ်လုပ် ကျွန်တော်ကဘေးနားမှာ
ဖုန်းကိုကြည့် မသိတာနားမလည်တာတွေကို
ကိုကြီးကိုမေးနှင့် ၁၁ နာရီထိုးတော့မှ ဖုန်းအသစ်လေးကို ကလိတာရပ်တန့်သည် ။ အမေတို့ဘကြီးတို့ကို လှမ်းခေါ်ချင်ပေမယ့် ဒီအချိန်ယာတောရိုးတွေထဲ ရောက်ကောင်း ရောက်နေနိုင်သည်ကြောင့် ညချမ်းမှသာ ခေါ်တော့မည် ။ ပုံတွေလည်းပို့မည် ။ ကိုကြီးရုံခန်းထဲနေရာအနှံ့ရိုက်ထားသည့် ပုံများသည်ဖုန်းကောင်းလွန်း၍လားမသိ ကျွန်တော်နှင့်မတူအောင်ကို အရမ်းကိုလှ၍ သဘောကျမိသည် ။ ပိုင်ရှင်မသိအောင် ခိုးရိုက်ထားသည့်ပုံလေးတစ်ပုံလည်း ပါဝင်သည် ။ ထိုင်ခုံကိုမှီ၍ ခြေကလင်ချိတ်ထိုင်ထားပြီး ဘောပင်ကိုကိုင်ကာ စာရွက်စာတမ်းတွေသာ
ကြည့်နေသောကိုကြီးရဲ့ပုံလေးသည် ခွင့်ပြုချက်မရပဲကျွန်တော့်ဖုန်းရဲ့ wallpaper
တွင်နေရာယူထားပြီးပြီ ။" မိုင် ဗိုက်ဆာနေပြီလား "
ကျွန်တော်ဖုန်းကြည့်နေတာရပ်လိုက်သည်နှင့် ချက်ချင်းကိုကြီးသတိထားမိကာမေးလာသည် ။
နည်းနည်းဆာသလိုရှိနေပေမယ့် နေလို့လည်း ရသေးတာကြောင့် ။" အရမ်းကြီးမဆာသေးဘူး
ကိုကြီးရော "" အင်း စားချင်တာရောရှိလား
ဘာစားချင်လဲ "" ဒီမှာရှိတဲ့အစားအစာတွေက
ဘယ်လိုတွေလဲ ကိုကြီး
ရွာမှာဆို ထန်းသီးမုန့်ကနာမည်ကြီးတယ်
ရေစကြိုထန်းသီးမုန့် အဲလိုလေး "" အင်း... ဒီမှာက ...."
" ကိုကြီးလည်းသေချာမသိဘူးမလား
မိုင်သိပါတယ် ကိုကြီးကိုကြည့်တာနဲ့ "" အင်း "
" ဒါဆို ကိုကြီးအားရင်
မိုင် ဈေးချိုသွားချင်တယ်
ဟိုနေ့ကဈေးချိုမှာ မိုင်စားချင်တာတွေ
တွေ့ခဲ့တယ် "" အင်း သွားမယ်.. ဈေးချိုကို "
တစ်ခါသာပြောရသည် လုပ်လက်စဖက်လက်စ
အရာတွေအားလုံးကို ကိုကြီးအပြီးသတ်သိမ်းကာ
ကျွန်တော်နှင့်အတူရုံးခန်းထဲက ထွက်လာသည် ။
အလာတုန်းကလိုစက်လှေကားနှင့်ပြန်မဆင်းပဲ
ဓာတ်လှေကားရှေ့တွင် အလှည့်ကျ ရပ်စောင့်သည် ။ တံခါးပွင့်လာသည်ဆိုမှ
နှစ်ဦးသားအထဲကိုဝင်သွားလိုက်သည် ။