နောက်တစ်နေ့မနက်ခင်းတွင် ။
ကိုယ်လုံးပေါ်မှန်မရှိသည်ကြောင့် လေးထောင့်မှန်ပြားလေးကို အပေါ်ရွေ့လိုက်
အောက်ရွေ့လိုက်နှင့် ကျွန်တော်အလုပ်ရှုပ် နေရသည် ။ သာစိန်တို့အလှူပြုတဲ့ ကထိန်နေ့လေးမလို့ အင်္ကျီအဖြူလက်ရှည်ကို
ယောပုဆိုးနက်လေးနှင့်သာ ကျကျနနဝတ်၍
မှန်တစ်လုံးနှင့်ရှုပ်လို့နေသည် ။ ကြည့်ရင်း ကြည့်ရင်းလည်တိုင်တစ်နေရာအရောက်မှာ
မနေ့ညကကိုကြီးအနမ်းတွေဆီတွေးတောမိပြီ ။
ကိုကြီးကမနက်ကပြောတယ် ဒီနီနီရဲရဲလေးတွေက * ချစ်ခြင်းရဲ့သင်္ကေတအမှတ်အသားလေးတွေ * တဲ့ ။ လည်တိုင်ညှပ်ရိုးနှစ်ဖက်စလုံးမှာ နီနီရဲရဲအစုလေးတွေလေးငါးနေရာရှိပြီး
အင်္ကျီကလည်ကတုံးဖြစ်၍မမြင်ရသော်လည်း နားထင်အောက်က တစ်ခုတည်းသော အနီမှတ်လေးကိုတော့ဘာနဲ့မှကွယ်၍မရပဲ
ကြည့်လိုက်သည်နှင့်ထင်းကနဲရှိလှသည် ။
ကိုကြီးကသာပြောတဲ့ ချစ်ခြင်းအမှတ်အသား လေးက ကျွန်တော်တို့ရွာမှာမြင်နေကျ စုန်းကိုက်တဲ့အရာကလည်း ထိုအတိုင်း
နီနီအစုလေးတွေပင် ။ ထိုကြောင့် ရွာထဲ ကထိန်လှည့်ရင်း နားထင်အောက်က အမှတ်လေးကို သူများမြင်လို့မေးရင်လည်း
အင်း... ညကစုန်းတက်ကိုက်တယ် ထင်တယ်လို့ပဲပြောပါတော့မည် ။*** ကျေးရွာအချို့မှာ ခြေတလုံးတို့
ပေါင်တို့တွင် နီနီညိုညိုအရာလေးတွေဖြစ်ရင်
ညကစုန်းကိုက်တာနေမှာဟု ပြောစမှတ်ပြုကြသည်သာ ***" မိုင် သားငယ်လေးရေ
သူဌေးလေးစောင့်နေတာကြာနေပြီကွယ် "အပြင်ကအမေအော်လာတော့မှ မှန်ပြားလေးကို
ကုတင်ပေါ်ပစ်တင်ကာအပြင်ကို ထွက်လာခဲ့တော့သည် ။ အပြင်ရောက်တော့
ကားနက်ကြီးကိုအဆင်သင့်ဖွင့်ထားသော ကိုကြီးကကျွန်တော်နှင့်ဆင်တူအင်္ကျီဖြူလေးနဲ့
ပုဆိုးနက်ကလေးကိုသာဝတ်ဆင်ထားသည် ။
အမှန်က မနေ့ကကိုကြီးအတွက်ဝယ်ကတည်းက
ကျွန်တော့်အတွက်ရောဆင်တူဝယ်ခဲ့သည်သာ။" ကဲကဲ သားလေးတက်တော့
သူဌေးလေးကိုအားနာစရာကွယ် "" ရပါတယ် အန်တီ
မိုင်ဖြေးဖြေးလုပ်ပါစေ "