သောကြာည 8 : 30 pm >>>>>
ဒေါက် ဒေါက် ဒေါက်
" ဟုတ် ကိုကြီး မိုင်တံခါးလော့မချထားဘူး "
ကိုကြီးဘယ်အချိန်လာလာအဆင်ပြေဖို့ရာ တံခါးကိုလော့ချလေ့မရှိပေမယ့် ကိုကြီးကတော့
ကျွန်တော့်အခန်းကိုလာတိုင်း တံခါးလေးကို
အရင်ခေါက်တတ်သည် ။" မိုင် အခုထိဖုန်းကြည့်နေတုန်းလား
ဖုန်းကြည့်တာကြာပြီ တော်တော့ "" မဟုတ်ဘူး ကိုကြီး
မိုင်အခုမှဖုန်းကိုင်တာ ခုနက
အမေတို့သာစိန်တို့နဲ့ မိုင်ဖုန်းပြောနေတာ "တီဗီကြည့်တာကို ဘာမှမပြောပေမယ့်
ကိုကြီးတစ်ယောက် ဖုန်းအကြာကြီးကြည့်တာကို မကြိုက် ။ ညရောက်လာတိုင်း သူ့အချိန်လေးနဲ့သူသာကြည့်ခိုင်းတတ်သည် ။
စာလုပ်ချိန်ကစာလုပ်ချိန် စာမလုပ်ချင်ရင်
အိပ်ရေးဝအောင်စောစောသာအိပ်ခိုင်းသည် ။
သူ့နေရာလေးနဲ့ သူစည်းကမ်းကိုတော့
တိတိကျကျ ။" အမေတို့က ကိုကြီးကိုလည်းသတိရတယ်တဲ့
သာစိန်တို့ဆို ကိုကြီးထပ်မလာဘူးလားပဲ မေးနေတယ် "" အင်း အကုန်လုံးနေကောင်းကြတယ်မလား "
" ကောင်းတယ် ကိုကြီး
အကုန်လုံးနေကောင်းကြတယ်
ရွာကိုလာလည်ပါဦးတဲ့ "" အင်း မိုင်ကျောင်းပိတ်တဲ့အခါသွားကြမယ်
ဒါနဲ့ ကိုယ့်ကိုပြောပါဦး ဘာတွေကိုစိတ်ဝင်တစား
ကြည့်နေရတာလဲ "စာကြည့်စားပွဲဘေးနားရပ်နေသော ကိုကြီးကို
ပြောသာပြောနေတာ ဖုန်းကိုအကြည့်မပျက်သော
ကျွန်တော့်ကိုမေးလို့လာသည် ။ မီးရောင်အောက်
ဒါမှမဟုတ် လရောင်အောက်မှာ အရိပ်တွေနဲ့သာ အတွဲလေးတွေကထားကြသော videoလေး တစ်ခုကိုကျောင်းကတည်းကပင် ကျွန်တော် အားရင်အားသလို လိုက်လုပ်တတ်အောင်
ကြည့်လို့နေသည် ။ ခဏနေလရောင်အောက်မှာ
ကိုကြီးနဲ့အတူတူလိုက်လုပ်ကြည့်ချင်သည်မို့ ။" ကိုကြီး ဒီမှာကြည့်
ဒီလိုလေးတွေ ကိုကြီးနဲ့အတူတူ မိုင်လုပ်ကြည့်ချင်လို့ "