12 ...

33.9K 4.1K 225
                                    

တစ်ခါလင်းပြန်သည့်ဆောင်းဦးမနက်ခင်းမှာ
ခြံဝန်းကြီးထဲဖွေးဖွေးလှုပ်ပွင့်နေသည့် စံပယ်ပန်းရုံကြီးပင် ။ တစ်ပွင့်ချင်းစီ သေချာစွာခူးဆွတ်လို့ လင်ဗန်းလေးထဲကို
နေရာချပေးသည် ။ အဖူးလေးတွေပဲ ကျန်သည်အထိ ခူးပြီးကာမှအိမ်ထဲကို
ပြေး၍ဝင်ခဲ့သည် ။ လုပ်ရမည့်တာဝန်
အသီးသီးကစောင့်မျှော်နေတော့မည်ပေ ။

" ဘကြီးရေ.... ဘကြီး
သား စံပယ်လေးတွေခူးလာတယ်
ဘကြီးဘုရားကပ်ပေးနော်
သား သူ့ဆီသွားမလို့ "

စံပယ်လင်ဗန်းလေးဘကြီးကိုပေးကာ
အပေါ်ထပ်သို့ပြေးတက်ရန်ပြင်ပေမယ့်
ခါးကအင်္ကျီစကိုပြန်ဆွဲကာထားသည့်
ဘကြီးကြောင့်လိုရာမရောက်နိုင် ။

" အော်.... ဘယ်လိုဖြစ်နေတာလဲ မြေးငယ်ရယ်
ဘကြီးပြောပါရစေဦး "

" ဟဲဟဲ... သားကနောက်ကျပြီထင်လို့ပါ
ပြောပါဗျဘကြီး "

" သွား အဝတ်စားသင့်တာလေးသွားလဲချည်
ရှိုးနဲ့အလုပ်လိုက်သွားရမှာမလို့ "

" ဗျာ... လိုက်သွားရမယ်
ဘကြီးကလည်း သားမှကားမမောင်းတတ်တာ
သားကစက်ဘီးပဲကျွမ်းတာ "

" မြေးကို ဘယ်သူကမောင်းခိုင်းလို့လဲ "

" မသိဘူးလေ ခါတိုင်းသူကိုယ်တိုင်မောင်းပြီး
ဒီနေ့မမောင်းနိုင်တော့ သားကို မောင်းခိုင်းမယ်ထင်တာကိုး "

" လူလေးကို လိုက်ပဲလိုက်ခိုင်းတာပါ
ကားကမောင်းမဲ့သူရှိပါတယ်
သွား သွား အဝတ်စားသွားလဲတော့
ရှိုးဆီ ဘကြီးပဲသွားလိုက်မယ် "

" ဟုတ် ဟုတ် ဘကြီး "



၁၅ မိနစ်လောက်သာအချိန်ယူ၍
ရေမိုးချိုးတာရော အဝတ်စားလဲတာရောပါ
အမြန်လုပ်ရသည် ။ မနေ့ကသူဝယ်ပေးသော
အင်္ကျီအဖြူလက်တိုလေးကို ရှော့ပန်ဘောင်းဘီ
အတိုအမည်းလေးနဲ့သာ သင့်တင့်စွာဝတ်၍
အပြင်ကိုထွက်လာခဲ့သည် ။ ကျွန်တော်အပြင်ကို
ရောက်တော့ ကားနက်ကြီးကိုမှီ၍ဖိုင်တွဲတစ်ခုကို
သူဖတ်နေသည် ။ ကျွန်တော့်ကိုစောင့်နေသည်
ထင်ပါသည် ။ မြင်နေကျအမည်းတွေကြီးပင်
သူဝတ်ထားသည် သို့ပေမယ့် နက်ကတိုင်ကို မဝတ်ထားပဲ အထဲကကြယ်သီးအချို့ကိုလည်း
တပ်ထားခြင်းမရှိပေ ။ ဆံသားတွေကို အလယ်ခွဲချထားတော့ မျက်ခုံးမွှေးထူထူထဲထဲ တစ်ဖက်တစ်ချက်အပေါ်သဲ့သဲ့မှာ ဆံသားတွေက
မထိတထိဝဲလို့နေသည် ။

"" Mile "" ..... Love you Where stories live. Discover now