မြူနှင်းဖျဖျဆိုင်းတဲ့မနက်ခင်းလေးတစ်ခုတွင်
ခါတိုင်းထက်စောစီးစွာနိုးနေမိသည် ။ ညက
အတွေးပေါင်းစုံကြောင့်လည်းအိပ်မပျော်မိ ။
နောက်မှပေါ်လာသည့်ဒဏ်ကြောင့်လည်းပါမည် ။
ပက်လက်အိပ်၍လည်းမရ ထိလိုက်ရင် အောင့်အောင့်လာသည် ။ ထိုကြောင့် တစ်ညလုံးနီးပါးမှောက်ယားထိုးလျက်သာ ။
ဘေးနားကဘကြီးဆေးထထလူးပေးလို့သာ
နေရအနည်းငယ်သက်သာရသည် ။" လူလေး သက်သာလို့လား
ဒီနေ့ နားရင်နားပါလား
ရှိုးဆီဘကြီးပဲသွားလိုက်မယ်လေ "" ရတယ် ဘကြီး
သားသွားချင်တယ်
သူ အဆင်ပြေရဲ့လားလို့
ူသားသိချင်တယ် "" ဟုတ်ပါပြီဗျာ
ဒါဆိုဘကြီးမနက်စာပြင်ထားမယ်နော်
သွား သားကသွားတော့
၇နာရီထိုးတော့မယ်မလား "" ဟုတ် ဘကြီး "
ထိုးဖို့ ၁၅ မိနစ်လောက်လိုသေးပေမယ့်
သူ့အခန်းဆီကိုဦးတည်တက်လာခဲ့သည် ။
စောစွာဝင်သွားရင်သူအနှောက်အယှက်ဖြစ်မှာ
စိုး၍ထိုအခန်းရှေ့တွင် ၁၅ မိနစ်လောက်ငြိမ်စွာ
ရပ်နေမိပါသည် ။ တိကျစွာထိုးပြီဆိုမှ အခန်း တံခါးအသာအယာဖွင့်ကာဝင်သွားလိုက်သည် ။ တံခါးဖွင့်ဖွင့်ချင်းအပေါ်ပိုင်းဗလာကျင်းဖြင့် ကုတင်ပေါ်ထိုင်နေသောသူ့ကိုဘေးတစောင်း
မြင်တွေ့ရသည် ။" ဟင်... "
နှုတ်မှအသံထွက်လာသည်အထိဖြစ်ရသည်က
သူ့ကျောပြင်တစ်ခုလုံးက နီရဲကာရောင်ရမ်းနေပြီ ။
ကျောပေးထိုင်ကာငြိမ်သက်နေသည့်သူ့ကြောင့်
ရှေ့ဆက်လည်းမတိုးရဲ အနောက်နားမှာသာ
ငြိမ်စွာရပ်နေမိသည် ။ ရှိုးမေ ဟုသာထင်ပြီး လူမှားစွာကယ်မိသည်ကြောင့်များ သူ စိတ်တိုနေမလား နောင်တရနေမလား ။
သူ့စိတ်ထဲကအရာရာဘာကိုမှမှန်းမရနိုင် ။
ရေချိုးပြီးပုံလည်းမပေါ် အိပ်ယာထထချင်း
စိတ်ဓာတ်ကျစွာထိုင်နေသည့်သူ့ပုံစံပင် ။
ကျွန်တော်လာတာသိနေရဲ့စမ်းနဲ့ ဘာကိုမှမပြော
ဘာကိုမှမခိုင်းသည့်အပြင် သူကိုယ်တိုင်ပင်
ငြိမ်သက်စွာထိုင်နေသည်ကြောင့် ကျွန်တော်လည်း ရှေ့ဆက်မတိုးမိ ။ ကျွန်တော့်ကြောင့် နီရဲစွဲနေ သည့်ကျောပြင်ကြီးကိုမြင်နေရတာလည်း အားနာရသည် ။ ရှေ့ဆက်တိုးရမလို နောက်ဆုတ်ကာထွက်သွားရမလိုလို ။