19 ...

33.1K 4.8K 403
                                    

အကြောင်းပြချက်မရှိပဲ ဂရုစိုက်တတ်လာတယ် ။ အခုရော အကြောင်းပြချက်မရှိပဲ ရင်ခုန်တတ်လာပြီလား ။ နီစွေးစွေး နှုတ်ခမ်းပါးလေးကို တရှိုက်မတ်မတ်
ထိကပ်ပြီးကတည်းက ရင်တွေခုန်နေရသည်မှာ
အခုချိန်ထိ ကျွန်တော့်ရင်ခုန်သံကို ကျွန်တော်ပြန်ကြားနေရသေးသည် ။ အနမ်းမမည်သော အနမ်းလေးတစ်ပွင့်အပြင်
နီးကပ်စွာမြင်လိုက်ရသည့် မျက်လုံး စင်းနေသည့်မျက်တောင်ရှည်လေးတွေ
နှာတံဖျား နှုတ်ခမ်းပါး အစိတ်အပိုင်းအားလုံးကို
ကျွန်တော်ရင်ခုန်သည် ။ မိုင်
မင်းဆိုတဲ့ဟာလေးကလေ ဘာလေးများလဲ ။

မရင်းနှီးတဲ့ ခံစားချက်အသွယ်သွယ်ကို
တွေးလေလေရူးချင်လေလေမို့ ဆက်မတွေးတော့ပါ ။ မိုင့်ကိုကယ်ခဲ့သည့်
နည်းလမ်းကို ဒီအိမ်ကအလုပ်သမားအားလုံး
သိပေမယ့် မိုင်မသိလေကောင်းလေမို့
အောက်ထပ်ကိုမြန်မြန်ဆင်းရမည် ။ ဘယ်သူမှပြောမပြခင် အမြန်တားဖို့ရာ
မြင်သည့်အဝတ်စားတစ်စုံကိုကောက်ဝတ်လို့
အောက်ထပ်ကိုဆင်းခဲ့တော့သည် ။ အောက်ထပ် ဆင်းရာလှေကားအလယ်လောက်ရောက်ချိန်
ဒေါ်တင်နှင့်မိုင်တို့ရဲ့စကားသံကိုကြားရတော့
ဘာရယ်မဟုတ် ရပ်နားထောင်နေမိပြန်သည် ။

" ဟတ်.... ချိုး.....ဘုရား "

" ကဲ ကဲ နှာတွေချေနေပြီမလား
ကြီးကြီးပြောတာပဲ ပြုတ်ကျမယ်နော်လို့
အဲဒါကိုဂရုမစိုက်ဘူး "

" ဘယ်လိုဖြစ်သွားမှန်းမသိပါဘူး ကြီးကြီးရယ်
အဲတာထက် ကြွက်တက်သွားတာပိုဆိုးတာ
အမှန် သားကရေကူးတတ်တယ်
ရွာမှာရေကြီးရင် သားကကူးနေကျ "

" စိတ်ပူသွားတာ အရမ်းကိုပဲ
တော်သေးတာပေါ့ သားရှိုးရောက်လာလို့တာပဲ "

" သူ ကိုယ်တိုင်ဆင်းကယ်ခဲ့တာပေါ့
ဟုတ်လား ကြီးတင် "

" ဒါပေါ့
ဒါတောင်မကဘူး ရှိုးက သားရဲ့..... "

" ဒေါ်တင်... "

ဒေါ်တင်ရဲ့ဆက်မည့်စကားကို မိုင်လုံးဝသိလို့ မဖြစ်သည်ကြောင့်အချိန်မှီအောက်ဆင်းကာ လှမ်းတားလိုက်သည် ။ ကျွန်တော်ဆိုလိုချင်တာကို ဒေါ်တင် နားလည်သည်ကြောင့် ဘာမှဆက်မပြော တော့ပဲ ထမင်းဝိုင်းကိုသာဆက်ပြင်နေသည် ။
မသိစေချင်ဘူး မိုင် ။ အသက်မပြည့်သူကို
အခွင့်ကောင်းယူသူကြီးလို့ မထင်စေချင်ဘူး ။ အဲလိုတွေမထင်ပဲ ကျေးဇူးကိုသိတယ်ပဲထား
မင်းကကလေးလေ ကိုယ့်ကိုမြင်ရင်
ရှက်နေမှာပေါ့ ။ အခုလည်း ဒေါ်တင်က ပြောရင်းရပ်သွားတော့ မိုင်ဆိုတာလေးကလေ
ကြောင်တောင်တောင်လေးရပ်နေလို့ ။

"" Mile "" ..... Love you Where stories live. Discover now