6...

34.9K 4.1K 207
                                    


* မြေးငယ် နေ့လည်စာလေးပြင်ထားနော် * ဟု မှာသွားသည့်ဘကြီးက ထိုလူသားနှင့်အတူ
အပေါ်ထပ်ဆီလိုက်တက်သွားခဲ့သည် ။ ကျွန်တော့်အလုပ်အတွက် သူကထုတ်ရန်
ဘကြီးကမထုတ်ရန် အပြန်အလှန်ပြောဆိုကြမည့်
စကားဝိုင်းဖြစ်မည်ထင်ပါသည် ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီအိမ်အရိပ်အောက်မှာရှိနေသေးသ၍ တော့အလုပ်ကိုကျေပွန်အောင်လုပ်ပါမည် ။
ထိုကြောင့်အတွေးတွေရပ်စေကာ ကြီးကြီးတင်နဲ့အတူတူ ထမင်းဝိုင်းလေးကို
ကူကာပြင်ဆင်နေလိုက်သည် ။

ခေတ္တမျှကြာတော့ သူရောဘကြီးရော
အောက်ထပ်ဆီကိုဆင်းလို့လာသည် ။ သူ့နောက်ကဘကြီးကပြုံးပြုံးလေးနှင့် လက်မလေးထောင်ကာပြလာတော့
ကျွန်တော်အလုပ်ဆက်လုပ်ရမည်ဟူသော သဘောလေးသာ ။ စိတ်ထဲတင်နေသော
ကိစ္စတစ်ခုတော့ပြီးသွားလေပြီ ။

" မြေးငယ်
ရှိုးကိုထမင်းလာထည့်ပေး "

ဟိုကကြိုက်လားမကြိုက်လားလည်းမသိ
ဘကြီးတို့ကတော့ သူနဲ့ပတ်သတ်သမျှ အကုန်ကိုခိုင်းသည် ။ နေသားကျအောင်ဆိုတဲ့
စေတနာကိုနားလည်ပေမယ့်လည်းလေ ကျွန်တော့်အတွက်သိပ်အဆင်မပြေသေးပေ ။ အခုလည်းဘကြီးခိုင်းသည်ကို ဘာတစ်ခွန်းမျှမဆို
ပင့်လည်းမကြည့်သည့် ငြိမ်သက်စွာထိုင်နေသော ထိုလူသား ။ အရာရာဘာမှမဖြစ်ခဲ့သလို သူ့ပုံစံကြောင့် ထမင်းအုပ်ကိုယူကာ
ခူးခပ်ထည့်ပေးလိုက်သည် ။ ထည့်ပေးပြီးချင်း
ငြိမ်သက်စွာသာစားနေပြန်သည့်သူ ။ သို့သော်
ဘေးနားကရပ်နေသည့်ဘကြီးကိုသူခေါ်လာသည်။

" ဦးကြီးသာ "

" ရှိုး သား လိုအပ်တာများရှိလို့လား "

" အင်း "

" ဘာများလဲ သား "

" ငရုတ်​သီးထောင်း.... မလုပ်ဘူးလား "

ထင်မှတ်မထားသည့်သူ့မေးသံကြောင့်
ကျွန်တော်တအံ့တသြ ။ ငရုတ်​သီးထောင်းကို
သူကြိုက်​တယ်တဲ့လား ။ ကံမကောင်းစွာ
ခုနကပဲ ကျွန်တော်နဲ့ဘကြီးစားလိုက်လို့
ကုန်သွားချေပြီ ။

" သားစားချင်လို့လား
ခဏလေးစောင့်နော်
မြေးငယ်ရေ ငရုတ်​သီးလေး... "

"" Mile "" ..... Love you حيث تعيش القصص. اكتشف الآن