At 11 : 30 am >>>>>
ကျွန်တော်အလုပ်ကနေအိမ်ပြန်ရောက်တော့
ခါတိုင်းလို အိမ်ရှေ့မှာရှိနေတတ်သည့် ကောင်ကလေးကိုမတွေ့ရ ။ ဟုတ်သား
ထိုကောင်လေးမနက်ကရွာပြန်သွားပြီပဲ ။
ရင်ထဲလှစ်ဟာနေသလိုခံစားချက်ကြီးနှင့်အတူ
အိမ်ထဲကိုဝင်လာခဲ့သည် ။" သား ဒေါ်တင်ထမင်းပြင်ထားမယ်နော် "
" ကျွန်တော်မဆာဘူး "
" စားပါလား သား
မိုင်လေးက သားစားဖို့ငရုတ်သီးထောင်းကို
သေချာလုပ်ပေးသွားတာမလို့ နည်းနည်းလေးပဲ ဖြစ်ဖြစ် "" အင်း ကျွန်တော်ပြန်ဆင်းလာခဲ့မယ်
ပြင်ထားပေး "ထိုသို့ဆိုကာအပေါ်ထပ်ကိုသာ တက်ခဲ့လိုက်သည် ။
ခါတိုင်းလို ဘေးနားကနေအတူတူလိုက်တက် လာတတ်သည့်သူလေးမရှိတော့ လှေကားတွေ
တက်ရတာလေးလံစွာနှင့် အချိန်ကကြာသွားရ သေးသည် ။ အခန်းထဲကို စိတ်မပါစွာဝင်ခဲ့ရင်း
အပေါ်အင်္ကျီကိုချွတ်ကာကုတင်ပေါ်ကို ပစ်ချလိုက်သည် ။ ထို့အတူလူပါတစ်ခါတည်း
ကုတင်ပေါ်ထိုင်ချရင်း ဘာကိုဆက်လုပ်လို့
လုပ်ရမှန်းမသိတော့ပေ ။ တစ်ခုခုကို လိုအပ်နေသည့်ဒီရင်ဘတ်ကြီးက ခြေတွေ လက်တွေကစ ဒီခန္ဓာကိုယ်ကြီးကိုပါ ထုံထိုင်းမှိုင်းသွားရပြီ ။ လွမ်းတယ် ဆိုတာ
ဒီလိုတဲ့လား မိုင် ။ ကိုယ် ခုခံနိုင်စွမ်းအားက
သုညထင်ပါရဲ့ ။ အသံလေးကြားရရင် ပြေနိုင်လောက်သည်ဟုအတွေးရ၍ ထိုသူလေးကို
ဖုန်းခေါ်လိုက်ပေမယ့် *ဆက်သွယ်မှုဧရိယာပြင်ပ*
ဟုပြန်ပြောလာခြင်းသည် နှလုံးသားတစ်ခုလုံး
အက်ကြောင်းကွဲသွားသလို ။ နာရီပိုင်းသာ ရှိသေးပေမယ့် ခံစားရတာတွေကရင်ဘတ်နှင့် မဆံ့သာ ။ နောက်ထပ်နှစ်ရက်ကြီးများကို
ဒီဒဏ်မခံရအောင် အိပ်ဆေးအကူအညီနဲ့
အိပ်နေရမည့်အခြေအနေပင်ဖြစ်မည်လား ။-
-
-
-
-At 12 : 30 pm >>>>>
စစ်ကိုင်း - ချောင်းဦး လမ်းမကြီး ။" ကျွီ....... ဘုတ်.... "
ဖြေးဖြေးလေးမောင်းခဲ့တာတောင် အရှေ့ကဖြတ်သွားပြန်သည့် ဆိတ်အုတ်ကြောင့်
ဘရိတ်နှင်းကာကားကိုရပ်လိုက်ရသည် ။ ဖြေးဖြေးလေးသာဘရိတ်နှင်းပေမယ့် ရုတ်တရက်ကြီးမို့ အနောက်ကနေအိပ်ရင်း လိုက်ပါလာသူ ညီလေးမိုင်တစ်ယောက်
ရှေ့ကြားထဲကိုပြုတ်ကျလေတာ့ ကျွန်တော် ခေါင်းနပန်းကြီးသွားရသည် ။