3...

38.3K 4.4K 345
                                    

နောက်တစ်နေ့နံနက်ခင်း ။

လုပ်ရမည့်အလုပ်ကိုတစ်နေ့တာ သေချာအာရုံစိုက်ခဲ့သည်များအရ
ထိုလူသားသည် မနက် ၇ နာရီတွင် အိပ်ယာထလေ့ရှိသည် ။ ထသည်နှင့် ဥတုသုံးပါးမရွေးရေချိုးတတ်သည်မို့  ရာသီအလိုက်သင့်သင့်သောရေနွေးရေအေးကို
ပြင်ဆင်ပေးရမည်ကား ကျွန်တော့်တာဝန်ပင်။
ထိုကြောင့် ၇ နာရီထိုးသည်နှင့်သူ့အခန်းထဲ
ကျွန်တော်အရင်ရောက်နှင့်ရမည် ။ သူထသွားလျှင်
အိပ်ယာကိုရှင်းပေးရမည် ထို့အပြင် သုံးရက်တစ်ကြိမ် စောင်ခေါင်းအုံးအိပ်ယာခင်း
လဲပေးရမည်ကြောင့်ရက်ကိုသေချာစွာ မှတ်ထားရပေဦးမည် ။ မတော်တဆအမှား
ဆိုတာကစသူမကြိုက်သည်မို့ ။ ဒါပြီးလျှင်
သူရေချိုးနေတုန်း အဝတ်အစားတစ်စုံ ထုတ်ပေးရမှာလည်းကျွန်တော်သည်ပင် ။
ဘကြီးပြောပါသည် သူ့ကိုထုတ်ပေးထားသည့်
အဝတ်အစားတစ်စုံကိုဘာကိုမှစောဒကမတက်ပဲ
ဝတ်တတ်သည်တဲ့ ။ ထိုအချက်လေးကိုတော့
နှစ်သက်ရပါသည် ။ အင်္ကျီဖျင်ကြမ်းနဲ့ ပုဆိုးစုတ်ကိုသာဝတ်တတ်သည့်ကျွန်တော်က
ဘာဝတ်ရင်ကြည့်ကောင်းမည်ဆိုတာကို သေချာမရွေးချယ်တတ်သောကြောင့်ပင် ။ သူသာအဝတ်အစားရွေးနေလျှင် ကျွန်တော်ကား ချက်ချင်းလက်ငင်းအလုပ်မဲ့ဖြစ်သွားနိုင်သလို ။

At 7: 00 am ,

ဒီနေ့မနက်သည် ဘကြီးပယောဂမပါပဲ
ကျွန်တော်တစ်ဦးတည်းသောရဲ့ တစ်ကိုယ်တော်အလုပ်စဝင်သည့်နေ့ပင် ။
လုပ်ရမည့်အကြောင်းအရာလေးတွေကို
မှတ်ညဏ်တွေထဲစွဲမြဲစွာမှတ်ထားရင်း
ထိုသူရဲ့အိပ်ခန်းတည်ရှိရာ ဒုတိယထပ်ဆီ
ဖြေးညှင်းစွာတက်ခဲ့လေသည် ။ မနက်ခင်းဆိုလျှင်
အခန်းတံခါးခေါက်စရာမလိုပဲဝင်လို့ရသည်ကြောင့်
တံခါးကိုညှင်ညှင်ဖွင့်ကာအထဲသို့ဝင်ခဲ့သည် ။ ကုတင်ထက်တွင်သူရှိမနေတော့ ။ ကြားနေရသည့်
ရေကျသံတစ်ချို့ကြောင့် သူရေချိုးနေသည်ကို
သိနိုင်သည် ။ ထိုကြောင့်သာ ကျွန်တော် လုပ်စရာရှိသောအိပ်ယာသိမ်းလုပ်ငန်းကိုသာ
အာရုံထားကာလုပ်နေလိုက်သည် ။

မလွဲသာလို့ ကျွန်းကုတင်ကြီးကကျွန်းသစ်ရောင် ဖြစ်နေပေမယ့် အခန်းတွင်းရှိသောအိပ်ယာအစုံ
စောင်ကအစ ခန်းတွင်းလိုက်ကာအပြင် တခြားပရိဘောဂအစုံသည် အနက်ရောင် သည်သာ ။ ထိုသာမကပဲ အဝတ်အစား ဗီဒိုကြီးထဲကအဝတ်မှန်သမျှသည်လည်း အနက်ရောင်တွေပင် ။ ထိုလူသား အနက်ရောင်ကို
ရူးသွပ်သည့်လူသားမည်လား ။ အတွေးနဲ့အတူ
အိပ်ယာရှင်းပြီးသော် ရေချိုးပြီးအသင့်ဝတ်ဖို့
အဝတ်အစားတစ်စုံကိုထုတ်ပေးသည် ။ လုပ်ငန်းကိုသွားမည်ကြောင့် မနေ့ကနှင့်မတူပဲ
နည်းနည်းကြည့်ကောင်းမည့်အဝတ်တစ်စုံကို
ရွေးပေးမိသည် ။ မကြာပါဘူး ရေချိုးခန်းထဲက
သူထွက်လာပေသည် ။ ထုံးစံအမြဲ ကျွန်တော်ရှိသည်ဟုပင် မထင်သောသူ ။
လုပ်စရာမရှိတော့ပေမယ့် တစ်ခါတစ်လေ သူခိုင်းတတ်သည်ဟုပြောထားသောကြောင့်
အလှမ်းတစ်နေရာမှာငြိမ်စွာရပ်နေမိသည် ။

"" Mile "" ..... Love you Where stories live. Discover now