22 ...

34.4K 4.2K 314
                                    


At 9 : 30 am >>>>>

သူ့အခန်းကနေအောက်ကိုပြေးဆင်းခဲ့ရာ
လှေကားခြေရောက်မှ ရပ်တန့်စေသည် ။
ပါးနှစ်ဖက်ပေါ်လက်နှစ်ဖက်ဖြင့်အုပ်ကိုင်မိလျက်
တစ်ယောက်တည်းပြုံးနေမိတာ အရူးတစ်ယောက်လို ။ နှလုံးသားငယ်ရေ တစ်ဖက်သတ်စွာခုန်နေရင်းမဟုတ်သလို မင်းအထီးကျန်ဖို့လည်းမလိုတော့ဘူးလို့ တွေးထင်မိပါတယ် ။ ကိုကြီးရဲ့ ရင်ခုန်သံတွေကို
မင်းအစားငါသေချာကြားခဲ့ရတယ် ။

" လူလေး... သား ဘာဖြစ်လာတာလဲ
မျက်နှာကြီးကိုနီလို့ ကြီးကြီးကိုပြောစမ်း
ရှိုးရိုက်လိုက်တာလားကွယ် "

ကျွန်တော့်နားကိုအပြေးရောက်လာကာ
စိတ်ပူစွာနှင့်မေးနေသောကြီးကြီးတင်ကို
ချက်ချင်းကြီးပြန်မဖြေနိုင် ။ ဘာကြောင့်လို့ ဖြေရမည်ကိုလည်းမသိခဲ့ ။

" ဟုတ်တယ်မလား လူလေး
ကြီးတင်သွားကတည်းက ရှိုးစိတ်မကြည်တာပဲ
ရိုက်လိုက်တာလား ဒါမှမဟုတ် ဆူလိုက်တာလား "

" မဟုတ်ပါဘူး ကြီးကြီးရယ်
သားကိုဆူလည်းမဆူလိုက်ပါဘူး
ရိုက်လည်းမရိုက်ဘူးနော်
လာပါ လုပ်စရာတွေရှိသေးတယ်မလား "

" ရှိသေးတယ် အဲဒါထက်
ရှိုးကဆင်းမလာသေးဘူးလား
ဘုန်းကြီးတွေသွားပင့်ရတော့မှာ
ဒီအချိန်လောက်ပင့်မှ တရားနာတာနဲ့
ဆွမ်းကပ်တာကအချိန်ကိုက်မှာ "

" ဟုတ် သားထပ်သွားခေါ်ကြည့်လိုက်မယ် "

ကြီးတင်ကိုပြောပြီး လှေကားပေါ်ကို ပြန်အတက်မှာပဲ ဆင်းလာနေပြီဖြစ်သည့်သူ ။
လုံးဝမြင်နေကျမဟုတ်သည့် အင်္ကျီအဖြူလေးနှင့် ကိုကြီးက ယောပုဆိုးအနက်လေးဖြင့်လူကို
မှင်သက်နေစေသည် ။ ငေးမောနေစေသည် ။
အရာရာကိုမေ့သည်အထိ ကိုကြီးကိုပဲ
ကြည့်နေမိသည် ။ မိုင် တော့ရူးရူးမိုက်မိုက်ကို ချစ်နေမိပြီထင်ပါသည် ။ မတွေးထားခဲ့မိ မိုင့်ရဲ့ပထမဦးဆုံးရင်ခုန်သံလှိုင်းကလေးသည် ကိုကြီးကြောင့်တီးခတ်လိမ့်မည်ဟု ။

" မျက်လုံးကြီး ကိုယ့်ဆီကပ်နေပြီ "

" အာ..... "

" ဟုတ်မှာ မိုင်လေးမပြောနဲ့
ဒေါ်တင်တောင်အဖြူလေးနဲ့သားကို
ကြည့်နေမိတာ "

"" Mile "" ..... Love you Where stories live. Discover now