53 ...

21.4K 2.4K 87
                                    



Next morning >>>>>

အပြင်ဘက်ပြတင်းဆီက မနက်ခင်းငှက်သံလေးတွေတကျီကျီနဲ့မို့ နိုးတစ်ဝက်ပျော်တစ်ဝက်ဖြစ်လာတဲ့ မနက်ခင်းလေးမှာ ခါးဆီရောက်နေတဲ့စောင်ကို
အပေါ်ထိဆွဲယူခြုံလိုက်ကာ ပြန်အိပ်ဖို့ ပြင်လိုက်သည် ။ သို့ပေမယ့် ဒီနေ့ကိုကြီးနဲ့
အလုပ်လိုက်သွားမည်ကိုသတိရသွားသည်မို့
ချက်ချင်းထထိုင်လိုက်မိသည် ။ ကုတင်ဘေးက
စားပွဲပေါ်မှာမြင်နေရတဲ့နာရီလက်တံက ၈နာရီခွဲ တိတိ ။

" ဟာ ဘယ်လိုတောင်အိပ်ပျော်သွားတာလဲ "

ကိုကြီးများသွားပြီလားဆိုတဲ့အတွေးနဲ့ ကုတင်ပေါ်ကပြေးဆင်းကာ ဘေးကပ်ရပ်က
ကိုကြီးအခန်းဆီကိုတံခါးခေါက်ပြီး ဝင်သွားလိုက်သည် ။ သပ်သပ်ရပ်ရပ် သိမ်းပြီးသွားသောအိပ်ယာ တိတ်ဆိတ်နေသော
ရေချိုးခန်းသည်မို့ ကိုကြီးအလုပ်ကိုသွားပြီဆိုတာ
သိလိုက်ရသည် ။ အားမလျော့နိုင်သေး
အောက်ထပ်မှာများစောင့်ရင်စောင့်နေမည်ထင်ပြီး
အောက်ထပ်ကိုတဖန်ပြေးဆင်းသွားမိပြန်သည် ။
သို့်သော်လည်း မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေသော ကြီးတင်တစ်ယောက်သာ
ရှိပေသည် ။

" ဟော လူလေးနိုးပြီလား
ဒီနေ့အိပ်ကောင်းတယ်ထင်တယ်
သားရှိုးတောင်အလုပ်သွားပြီ "

" ဟုတ် "

" မနက်စာလာစားတော့
ကြီးတင်ပြင်ထားပေးမယ် "

အရင်ကရောအခုရော မနက်နိုးလာတိုင်း
ကိုကြီးကိုမတွေ့ရသည့်နေ့တွေဆိုတာ လုံးဝမရှိခဲ့သည်မို့ အခုလိုမတွေ့ရသည့်အခါ
တစ်ခုခုလိုနေသလိုခံစားလာရသည် ။ စိတ်မပါစွာ
အပေါ်ကိုပြန်တက်သွားလိုက်ပြီး အိပ်ယာသိမ်းဖို့
ပြင်လိုက်ချိန် စားပွဲပေါ်ကပန်းအိုးလေး အောက်မှာဖိထားသောစာရွက်ခေါက်လေးကို
တွေ့လိုက်ရတော့ ထိုစာခေါက်လေးကို ယူကာဖြန့်ကြည့်လိုက်သည် ။

" မိုင် မနက်စာစားပြီးလို့
ကိုယ့်ဆီလာချင်ရင်ဖုန်းဆက်လိုက်နော်
ကိုယ်လာခေါ်မယ် "

လက်ရေးလှလှလေးနဲ့ရေးထားခဲ့သော
စာလေးကိုဖတ်ပြီးမှစိတ်ကြည်တော့သည် ။
အင်း တွေ့ချင်တော့လည်းသွားရမှာပေါ့ ။ ထိုကြောင့်အိပ်ယာအမြန်သိမ်းကာ ကိုယ်လက်သန့်စင်ပြီး ကြီးတင်ကိုအရင်ကူဖို့ရာ
အောက်ထပ်ကိုတဖန်ပြန်ဆင်းလာခဲ့သည် ။

"" Mile "" ..... Love you Where stories live. Discover now