" ကိုကြီး အရင်ရက်တွေကလိုတကယ်လာခဲ့နော်
မိုင် ပိုအားရှိတယ် "" ညနေ ၃ နာရီမလား "
" ဟုတ်တယ် ကိုကြီး
အခုမိုင်တို့နဲ့ပြိုင်ရမယ့်မေဂျာအသင်းက
နှစ်တိုင်းဗိုလ်ဆွဲလာတာတဲ့ အရမ်းတော်တယ်ပြောတယ် "တစ်ရက်ပြီးတစ်ရက် တစ်ပတ်ပြီးတစ်ပတ်
ကျောင်းတတ်တာနေသားကျလာတာနဲ့အမျှ
ဒီကောင်လေးကိုစိတ်ချလာနိုင်သည် ။ လိမ္မာပြီးသတိတတ်သောကောင်လေးမို့ ဆရာဆရာမများကချစ်ခင်ပေးကြသည် ။ ကြင်နာပြီးအမြဲကူညီပေးသောကောင်လေး မို့လည်း အတန်းဖော်ကလေးများသာမက အခြားအတန်းဆီက ကလေးတွေကပါ ခင်မင်ကြပြန်သည် ။ တစ်နေ့ထက်တစ်နေ့ ရင့်ကျက်လာပြန်သည့်ကျွန်တော့်ရဲ့မိုင်က
အတန်းခေါင်းဆောင်ရဲ့တာဝန်ကိုယူရသော
လူကြီးကလေးဖြစ်လို့လာပြီ ။ ညညတွေဆို ကျွန်တော့်ရဲ့အလုပ်ထက်ဒီကလေးအလုပ်က
ပိုပိုများနေသေးတတ်တာ ။ ယူထားတဲ့မေဂျာနဲ့ ပက်သတ်သမျှဘာပွဲမဆိုထိပ်ဆုံးကကြီးပဲ တက်တက်ကြွကြွ ။ ထမနဲထိုးပွဲတုန်းကလည်း ဘယ်လောက်တောင်ပွဲကြမ်းခဲ့လည်းမသိ လက်တွေနာလို့ကိုက်လို့ တစ်ညလုံးနီးပါး
နှိပ်နယ်ပေးခဲ့ရသည် ။အခုလည်းမေဂျာအလိုက်ဘောလုံးပြိုင်ပွဲကို
အရောက်လာဖို့ကားပေါ်မှာတပူပူတဆာဆာ ။
အရင်ရက်ခြေစမ်းပွဲတွေကန်တုန်းကလည်း
မိုင်တို့အသင်းမနက်ကန်ရင်မနက် အလုပ်ကနေ အပြေးလာရသည် ။ နေ့လည်ဆိုလည်းနေ့လည်
ညနေဆိုလည်းညနေတစ်ရက်မှမပျက်တာကို
သိရက်နဲ့ ရစ်တုန်းလေးကတဂျီဂျီ ။" အရင်ပွဲတွေနိုင်ခဲ့သလို အခုလည်းမိုင်ကနိုင်ချင်တာ
ကိုကြီးလာမှဖြစ်မှာနော် "" အင်း အလုပ်မသွားတော့ပဲ
ညနေထိဒီမှာပဲနေတော့မယ် "" ဟာ အဲလိုလည်းမရပါဘူး
ခါတိုင်းကျောင်းပို့ကျောင်းကြိုခဏလေးတောင်
ကိုကြီးကိုဘယ်သူလဲလို့ မိုင့်ကိုလာမေးသူတွေ
မနည်းတာကို အခုလိုသာစောင့်မယ်ဆိုရင်တော့
မိုင်ကျောင်းမတက်တော့ဘူးပဲ "" မိုင်....."
" ဘာလဲ ကိုကြီးသေချာလာမယ်ဆိုရင်ရပြီကို "