At 5 : 30 pm >>>>>>
" သား....... ရှိုး......."
ကိုကြီးလက်ကိုတွဲကာအိမ်အထဲကိုဝင်လာခဲ့တော့
ဘကြီးကအံ့သြမှုအဟောင်းသားနှင့်ပင် ။ ထုံးစံ အတိုင်း ကိုကြီးကတော့ခေါင်းငြိမ့်ပြတာကလွဲ
ဘာမှမပြော ။" လာ လာ သားလာ အိမ်ထဲကို
ညီမငယ်ရေ ..... ထိုင်ဖို့တစ်ခုခုခင်းစမ်းဟေ့
သားရှိုး လာ "ကိုကြီးကိုမြင်တော့မြေးကိုမေ့သွားသော ဘကြီးတစ်ယောက်ပြာယာခတ်နေတော့သည် ။
အမေလည်းဟိုဟာလုပ်ရမလိုလို
ဒီဟာလုပ်ရမလိုလိုနှင့် အထဲကိုခရီးဦးကြိုပြီး ထိုင်ဖို့နေရာတွေခင်းကခင်း သရေစာတစ်ချို့
ယူကယူနှင့် ဘကြီးနှင့်အမေတို့အလုပ်ရှုပ်ရပြီ ။" ထိုင် ကိုကြီး "
ဘကြီးလိုမျိုးကျွန်တော်လည်းစိုးရိမ်ရပါသည်။
ကိုကြီးလိုရွှေပေါ်မြတင်သူဌေးသားလေးက
အခုလိုတန်းယားပေါ်မှာ အခင်းတစ်ခုတည်းနှင့်
ထိုင်နိုင်ကောင်းပါရဲ့ ။ အခုလည်း ရှေ့က
အမေနှင့်ဘကြီး အလယ်ကမုန့်သရေစာထား၍
မျက်နှာချင်းဆိုင်က ကျွန်တော်နှင့်ကိုကြီး
ထိုင်နေကြသည် ။ ဘကြီးကတော့ စကားစ ရှာနေသလို အမေကတော့သူ့သားရဲ့ ကောင်လေးကို စေ့စေ့စပ်စပ်ငေးနေတုန်း ။" ညီမငယ်... ဒါက မြေးလေးရဲ့အလုပ်ရှင်သူဌေးလေး ရှိုးတဲ့ "
" ဟုတ် တွေ့ရတာဝမ်းသာပါတယ်
သူဌေးလေး "ဘကြီးကစမိတ်ဆက်ပေးတော့ အမေက ပျူပျူငှါငှါပြန်ပြောနေပေမယ့် ကိုကြီးက
ခေါင်းလေးကိုသာငြိမ့်ပြသည် ။ ဒီလူကြီးအား
လူကြီးတွေကိုဘယ်လိုဆက်ဆံရမယ်ဆိုတာ
သင်ပေးရပါဦးမည် ။" ဒါနဲ့ ရှိုး... ဘယ်လိုလုပ်ရောက်လာတာလဲကွယ် "
" မိုင်မရှိပဲ မနေနိုင်လို့ "
တိုတိုပြတ်ပြတ်နှင့် အမေနှင့်ဘကြီးကိုဂရုမပြုပဲ
တည့်တိုးပြောသောထိုလူကြီးကိုအချစ်ပိုရပြန်ပြီ။
သို့ပေမယ့် အခြေအနေနှင့်အချိန်အခါကို မကြည့်ပဲဆိုတော့ ကိုကြီးဘေးကပ်ရပ်က
ကျွန်တော့်မျက်နှာပူထူသွားရသည် ။ ကြောင်အ သွားသည့်အမေတို့ကြောင့်ဘာကိုဆက်လုပ်ရမည်
မသိ ။ ထိုကြောင့် မသိမသာလေးအနောက် ဆုတ်သွားမိကာ ကိုကြီးရဲ့ကျောပြင်ကြီးနဲ့ ရရင်ရသလိုကွယ်၍နေရင်း ထိုကျောပြင်ကြီးကို ခပ်ဖွဖွလေးသုံးချက်ထုလိုက်သည် ။