အဖြစ်အပျက်တွေက ရုတ်တရက်ဆန်စွာ ။
ထိန်းရခက်တဲ့ရန်ပွဲကြား ကြီးကြီးတင်က အန်တီကိုဆွဲသည် ။ ကျွန်တော်ကဦးလေးကို ဆွဲသည် ။ သို့ပေမယ့် မမျှသည့်အားကြောင့်
ဦးလေးရဲ့တွန်းထုတ်မှုနောက်မှာ ကံမကောင်းစွာ
ဝရံတာထက်မှ အရှိန်လွန်ကာပြုတ်ကျသည် ။" မဖြစ်ဘူး.... !! "
" မိုင် ....မြေးငယ်..... !! "
" လူလေး ....!! "
ဘယ်ချိန်မှာပြန်ရောက်လာကြသည်မသိတဲ့ သူ့ရဲ့အသံနှင့်ဘကြီးရဲ့စိုးရိမ်မှုအော်သံကို
ကြားလိုက်ရသည် ။ သို့ပေမယ့် အောက်ကြမ်းခင်း ထိအရှိန်ပြင်းစွာရောက်ရှိသွားရမည့်ကိုယ့်ကိုကိုယ် တွေးပင်မတွေးရဲ ။ အမေ့မျက်နှာလေးမြင်မိရင်း
ဖြစ်လာမည့်အကျိုးဆက်ကိုခံဖို့ရာ မျက်လုံးကို မှိတ်ချထားလိုက်မိသည် ။ဒုန်း.......။
ကျောနှင့်ခေါင်းနှင့်ကြမ်းခင်းနှင့် ဝင်ဆောင့်ပြီဟု တပ်အပ်ထင်ထားမိသော်လည်း မထင်မှတ်စွာ
ကြမ်းခင်းပေါ်ကျသည်မဟုတ်ပေ ။ တစ်စုံ
တစ်ရာကကြိုတင်ကာကွယ်ခံထားပေသလို
နူးနူးညံညံ့တော့မဟုတ်ပေမယ့် ထိခိုက်မှု အများကြီးသက်သာရပါသည် ။ သို့သော်
အရှိန်ကပြင်းသည်ကြောင့်ကျောရိုးတစ်လျှောက် ဆီကအင့်ကနဲ ။ နောက်ထပ်ခံစားမှုတစ်ခုက
ကျွန်တော့်ကိုနူးညံ့စွာထွေးပိုက်ထားသည့်
လက်တစ်စုံ ။" သား.... သား.... "
" ရှိုး... သား...."
ဒီတစ်ခါကြားရသည့် စိုးရိမ်တကြား
အော်သံတွေက အသိကိုပြန်ကိုင်လှုပ်သည် ။
မဟုတ်မှလွဲ... ကာကွယ်ပေးသူနဲ့ နူးညံ့တဲ့လက်တစ်စုံက .....သူများ ဖြစ်နေမလားဆိုသည့်အသိတွေကြောင့်
ထိုလက်တစ်စုံထဲလဲနေရာကနေ
ကုန်းရုန်းထမိသည် ။ တိကျစွာ သူသည်ပင် ။" သား... ရှိုး... လူလေး အဆင်ပြေရဲ့လား "
သူ့နားဘေးတစ်ဝိုက် ဘကြီးရော
မိဘနှစ်ပါးပါတိုးကာနေရာယူတော့
ကျွန်တော်နည်းနည်းလေးနောက်ဆုတ်ပေးမိသည်။
ဘာကြောင့်အခုလိုဝင်ကာကွယ်ပေးတာလည်း
နားမလည်နိုင်စွာ ။ ဘာကိုပြောလို့ ဘာကိုလုပ်ရမည်လည်း ကျွန်တော်မသိ ။
တစ်ခုတည်းသာသတိကပ်မိသည်က သူ့ရဲ့နာကျင်မှု ။ ကျွန်တော်တောင်ခါးဆီက
အောင့်သက်သက်ခံစားရတုန်းဆိုလျှင်
အရှိန်နှင့်ကျလာသည့် ယောကျာ်းလေး တစ်ယောက်ခန္ဓာကိုယ်ကို ခန္ဓာကိုယ်ရင်းကာ
ကာကွယ်ပေးခဲ့သောသူရဲ့နာကျင်မှုကရော....။