At 1: 00 pm >>>>" မြေးငယ် ဘာလို့အဲလိုလုပ်ရတာလဲ
ငရုတ်သီးထောင်းတွေအများကြီးရှိရက်နဲ့ "" သူ့ကိုစိတ်တိုလို့
အရမ်းအရမ်းကိုစိတ်တိုလို့
ဘာလဲ ဘကြီး သားကိုအလုပ်ထုတ်ပြီတဲ့လား "" အဲလိုမပြောပါဘူး လူလေးရယ် "
" ဒါဆို ဘာတဲ့လဲ
ခုထိစိတ်တိုနေတယ်ပဲ "" ရှိုးကဘာလုပ်လို့လဲ မြေးရယ်
အခုနေ့လည်စာ စားမကောင်းလို့ထင်တယ်
ထမင်းကိုကုန်အောင်တောင်စားမသွားဘူး "" မစားနဲ့လေ မစားနဲ့ပေါ့ "
" ကဲပါ ဘကြီးကိုပြော
ဘာဖြစ်လို့လဲ "ဖြစ်ပျက်ခဲ့သမျှအလုံးစုံကို ဘကြီးကိုပြန်ပြောပြမိသည် ။
ပြန်ပြောပြရင်းတောင် လျစ်လျူရှူ့နိုင်သည့်
သူ့ကိုစိတ်တိုပြီးရင်းတိုမိသည် ။" ဘကြီးရော သူ့နေရာမှာဆိုနေနိုင်လား
သားကတော့ no ပဲ
အော် ကိုယ့်အလုပ်သမားလေး ဒုက္ခရောက်နေပါလားဆိုပြီး
ဝင်ဖြေရှင်းပေးမှာ "" မြေးလေးကိုမှမဟုတ်ပါဘူး
တခြားသူဆိုရင်လည်း ရှိုးကအဲလိုပဲပြုမူမှာ
မြေးလေးကတော်သေးတာ ဒီအိမ်က
အလုပ်သမားတွေအကုန်ကို ရှိုးမသိဘူး "" ထားပါ ထားပါ
ဒီနေ့သူ့အကြောင်းကို သားနားမထောင်ချင်ဘူး
ဘကြီး ... ဘကြီးလျှော်ပေးခဲ့ရတယ်မလား
ဒီကမြေးအဆိုးကြောင့် "" အင်း အဆင်ပြေပြေပဲမို့
စိတ်ထဲမထားနဲ့တော့နော် "" သားတောင်းပန်ပါတယ်
ဒါပေမယ့် သားမလိမ်ပါဘူး
အဲဒီပုလဲလုံးလေးပြုတ်အောင်
သားတကယ်မလုပ်ခဲ့ပါဘူး
သားမလိမ်တတ်တာ ဘကြီးသိပါတယ် "" ဘကြီးယုံတာပေါ့ "
" ဘကြီးယုံလည်း သားကိုသူတို့မယုံဘူး
ဘေးနားကလူတစ်ချို့ချို့တွေတောင်
သားကိုလိမ်နေတာပဲထင်ကြမှာ "" အဲတာတွေကခဏပဲ ပြီးသွားမှာ
အခုဆိုရင်တောင် အဲနားရှိခဲ့တဲ့လူတွေ
မေ့သွားကြလောက်ပြီ "" အင်းပါ
သားအလုပ်ကြိုစားပြီး ပိုက်ဆံတွေစုပြီးရင်
အမေနဲ့ဘကြီးအတွက်အများကြီးအများကြီး
ဝယ်ပေးမယ်နော် "