47 ...

21.8K 2.6K 180
                                    

ဒီနေ့က ကျွန်တော်ကျောင်းတက်ရမည့်
ဒုတိယမြောက်နေ့ ။ ထိုကြောင့်  နည်းနည်းစောထကာ ကြီးတင်နှင့်အတူ
ကိုကြီးအတွက်မနက်စာကိုကူရင်းပြင်သည် ။
ကျွန်တော်တို့မရှိတုန်း ကြီးတင်က ချက်ပြုတ်နည်းတွေအသေအချာကြည့်ထားသည်ထင်ပါသည် ။ မနေ့ကအုန်းနို့ခေါက်ဆွဲ ဒီနေ့က
မြီးရှည်ဟုခေါ်သော စားချင်စဖွယ်မနက်စာလေး ကိုပြုလုပ်နေပေသည် ။

" ကြီးတင်.... ဒါကမုန့်တီဖက်ပဲမဟုတ်ဘူးလား "

" အင်း ဟုတ်တယ် လူလေးရဲ့
ဒါပေမယ့် ခရမ်းချဉ်သီးအနှစ်လေးတွေနဲ့ ကော်ရည်နဲ့ရောစားရင် မြီးရှည်လို့ခေါ်ရော "

" အော်.... အဲလိုလား
မွှေးနေတာပဲ သားဗိုက်တောင်ဆာလာပြီ "

" လာလေ ထိုင် လူလေး
ကြီးတင်ပြင်ပေးမယ် "

" ရတယ် ကြီးတင်
သား ကိုကြီးနဲ့မှအတူတူစားချင်တယ် "

" ဟုတ်ပါ့ပြီရှင် "

" ဒါနဲ့ ကြီးတင်
မနေ့က နေ့လည်က
ကိုကြီးထမင်းစားရဲ့လား "

" စားပါ့ ကြီးတင်ချက်ထားတာတွေတောင်
အားနာပါးနာနဲ့နည်းနည်းစီပဲထည့်စားသွားတာ
ငရုတ်သီးထောင်းကျတော့ နှာတရှုံ့ရှုံ့နဲ့နေတာတောင် အစားမပျက်ဘူး "

" ဟုတ်လား ကုန်ပြီလားမသိဘူး
ကုန်လည်းဒီနေ့တော့မလုပ်ပေးတော့ဘူး
ဗိုက်တွေနာကုန်မှာဆိုးလို့ "

" ဟုတ်တယ် လူလေး
ရက်ခြားပြီးမှထောင်းပေးလိုက် "

" ဟုတ်
ကြီးတင် သားသွားလိုက်ဦးမယ် အဝတ်စားလဲပြီး ကိုကြီးကိုသွားပြင်ပေးလိုက်ဦးမယ်နော် "

" အေးအေး လူလေး "

ထိုနောက် အပေါ်ထပ်ဆီတက်လာခဲ့တော့သည် ။
မိမိအခန်းထဲကိုဝင်ပြီး ကျောင်းသွားဖို့
သင့်တင့်သောအဝတ်အစားလေးကိုဝတ်သည် ။
မနေ့ညကဘယ်လိုအိပ်ခဲ့မှန်းမသိ တိုကပ်နေသည့်
ဆံပင်တောင်မှ တစ်ဖက်စောင်းကာဖောင်းအောင်
အိပ်တတ်သည့်ကျွန်တော်ပင် ။ ထိုဖောင်းနေသော
နေရာကိုဘယ်လိုပြားအောင်ဖိဖိ ဖိလို့မရ ။ ရေချိုးခေါင်းလျှော်လိုက်ရင်အဆင်ပြေပေမယ့်
အေးလို့ရေမထိချင်တာကြောင့် ဖောင်းနေသော
ပုံအတိုင်းသာထားလိုက်ပြီး ကျောပိုးအိတ်ကို
ကောက်လွယ်ကာဘေးကပ်ရပ်ကကိုကြီးရဲ့
အခန်းဆီကိုကူးပြောင်းလာခဲ့လိုက်သည် ။

"" Mile "" ..... Love you Where stories live. Discover now