At 4 : 00 pm >>>>>>
ကွဲသောအိုးတွေအပါအဝင် ဆုံးရှုံးရသော
ထန်းရည်တွေပါအလျော်ပေးခဲ့ရသည် ။
သဘောကောင်းသောဦးကြီးဖိုးဆွေသာမဟုတ်ပဲ
တခြားပိုင်ရှင်သာဆိုလျှင် ခွေးနဲ့ရှူးတိုက်ပြီး
ဆူပူမောင်းထုတ်ခံရမှာပင် ။ အခုတော့ ကျွန်တော်တို့မျက်နှာတွေရောထောက်ထားကာ
အလျော်ပေးခြင်းနဲ့တင်ပြီးဆုံးခဲ့ရသည် ။ ညနက်မှပင် သာစိန်တို့အဖေမှာထားသော ထန်းရည်တို့ကို မိဂျမ်းမကိုလာပို့ခိုင်းလိုက်မည်ဟု
ဆိုသောကြောင့် ကျွန်တော်တို့လေးဦးသား
ကားနက်ကြီးနဲ့သာပြန်ခဲ့ကြတော့သည် ။" မိုင်....... ရယ်လို့မဝသေးဘူးလား "
ကိုကြီးမေးလည်းမေးချင်စရာပင် ။ ပြန်လာရာတစ်လျှောက်လုံးမှာ အဖြစ်အပျက်ကို
ပြန်ပြန်တွေးပြီး ကျွန်တော်ခိုးခိုးရယ်နေရသည်။
တစ်လျှောက်လုံးခေါင်းကို ကိုကြီးနဲ့ဆန့်ကျင်ရာ
လှည့်ထားပြီးရယ်ရယ်မိနေသည်မှာ အာတွေညောင်းလာသည်အထိ ။" မဟုတ်ဘူးကိုကြီး....မိုင်က... တွေးတွေး.... "
လိုရာစကားကိုကောင်းကောင်းမပြောနိုင်အောင်
ရယ်ကြောကမရပ်ပေ ။ ချစ်ရသူရှေ့မို့
ရှက်သွေးလေးဖြာဖြာနဲ့အိနြေ္ဒလေးနဲ့ရယ်ဖို့
နေနေသာသာ နှုတ်ခမ်းကနားရွက်တက်ချိတ် တော့မည့်အတိုင်းမျက်စိပေါက်ပင်မဖွင့်နိုင်အောင်
ရယ်ကြောကရှည်သည် ။ တကယ်ပင် မျက်ရည်တွေတောင်ထွက်ရသည် ။" တက်သွားဦးမယ် ရယ်ရယ် ငမိုင် "
" ရယ် အဲလောက်ရယ်နေရရင် ခဏနေငိုရတတ်တယ် ရယ်နေ ငမိုင် "
" ငါ..... တွေးမိ...."
ဘယ်သူဘာပြောပြော ရယ်ပဲရယ်နေရတော့
နောက်ဆုံးမနိုင်စိန်ကျွန်တော်ရယ်တာကိုဘယ်သူမှ
ဘာမှမပြောကြတော့ပေ ။ သူတို့ပြောလည်းရယ်
မပြောလည်းရယ်ရင်းသာလိုက်ပါလာရင်း
ခဏကြာတော့ အိမ်ရှေ့ကိုရောက်လာသည် ။
သာစိန်တို့ကတော့ ကားပေါ်ကနေဆင်းကာ
ကိုယ့်အိမ်ကိုပြန်သွားကြပြီး ကျွန်တော်လည်း
ခြံဝန်းတံခါးလေးကိုဆင်းဖွင့်သည် ။ အိမ်ထဲကို ကိုကြီးကားထိုးဖို့ရာအတွက်ပင် ။