မန္တလေးမြို့ ။
နိုဝင်ဘာလပထမအပတ်မနက်ခင်းဝယ် ။ခမ်းနားထည်ဝါလွန်းသည့် စံအိမ်ကြီးကို
အရောက်လျှောက်လှမ်းမီရန် ကားဖြင့်ဖြစ်စေ
ဆိုင်ကယ်ဖြင့်ဖြစ်စေ အတော်အတန်လေး လှမ်းဝင်လာရဦးပေသည် ။ တစ်မိုင်ခန့်ထိ အလှမ်းမကြီးပေမယ့် မိုင်ဝက်ခန့် ၄ ဖာလုံမျှတော့
မောင်းနှင်ရပေမည် ။ယခုမနက်ခင်းတွင် ထိုကျယ်ဝန်းလှသည့် စံအိမ်ကြီး၏ဝန်းတံခါးရှေ့မှောက်၌
Taxi ကားလေးတစ်စီးရပ်လို့နေသည် ။ ခြံတံခါးစောင့်တာဝန်ကျသူတစ်ချို့က
ထို taxi လေးကိုအထဲပေးမဝင်ခြင်းကြောင့်သာ။" ကျွန်တော့်ကို ဘကြီးသာက ခေါ်ထားတာပါ "
"အဲဆို ခဏစောင့် "
တာဝန်ရှိသူတစ်ဦးခြံပေါက်ဘေးနားက ဂိတ်ငယ်လေးထဲဝင်သွားလျက် တစ်ခုခုကိုမေးမြန်းနေပုံရသည် ။ ခဏကြာမှ
ထိုသူပြန်ထွက်လို့လာပြီးသော် ကျွန်တော့်ကို ဦးတည်ကြည့်ကာ ။"အိမ်ရှေ့ထိမောင်းဝင်သွားလိုက်
ဦးသာစောင့်နေလိမ့်မယ် ""ဟုတ် ကျေးဇူးပါဗျ "
ထိုနောက်တွင်ကျွန်တော်ကားနောက်ခန်းထဲ
ပြန်ဝင်ထိုင်တော့ ကျွန်တော်စီးလာသည့် taxi ကားလေးသည် လမ်းမကျယ်ကြီးအတိုင်း
ပုံမှန်လေးသာမောင်းနှင်လျက် အိမ်တော်ကြီးဆီ
ဦးတည်ခဲ့တော့သည် ။ ခိုင်မာလှသည့် ဝန်းတံခါးကြီးနှင့်မြင့်မားလှသည့်တံတိုင်းကြီး
တွေကိုမြင်တော့ အမေ့အိမ်ကရိုးတံခတ်ခြံစည်းရိုး
နဲ့နဲ့လေးကိုအောက်မေ့သတိရသည် ။ မြေတစ်မှုန်
မရှိသည့်အပြင်ချိုင့်ခွက်မရှိညီညာလှသည့် လမ်းမကျယ်ကြီးနှင့်ဘေးတစ်ခွင်တစ်ဝိုက်က စိမ်းဖန့်ရောင်မျက်နုနုလေးတွေကိုမြင်ရပြန်တော့
လှည့်ဘီးနင်းလေတိုင်းတဖောင်းဖောင်းထ လာသည့်မြေတလုံးလုံးကိုမေ့မရဖွယ် ။ စိုက်ကာ ပျိုးထားသည့်ရောင်စုံပန်းတွေအစား သဘာဝအလျောက်ပေါက်နေသည့် မန်းကျည်းပင်တုတ်တုတ်ခိုင်ခိုင်ကြီးတွေကို
လွမ်းရပြန်ပါသည် ။ အမေရှိရာဖူလုံရွာငယ် လေးနှင့်အလှမ်းဝေးတာတစ်ရက်ပင်မပြည့်သေး
သော်လည်းအမှတ်ရစိတ်တွေဖြာနေမိသည် ။
ရွာငယ်ငယ်ကပုံရိပ်လေးတွေထင်ဟတ်နေရင်း
ကျွန်တော်ထိုအိမ်တော်ကြီးရှေ့ကိုဆိုက်မြိုက်စွာ ရောက်လို့လာရပြီ ။ အဆင့်သင့်ပင်
ဘကြီးလည်းရပ်ကာစောင့်လို့နေချေပြီ ။