အကြောင်းအရင်းတိကျမှုမရှိပဲခဏခဏ
ပြုံးနေမိသည် ။ အပြုံးနောက်ကွယ်က ဆက်စပ်နိုင်ချေလေးတစ်ခုကတော့
သူကျွန်တော့်ကို * မိုင် * လို့ခေါ်ပြီးတည်းက
ဖြစ်မည်ထင်ပါသည် ။ မာလွန်းသည်လည်းမဟုတ်
ပျော့ပျောင်းလွန်းသည်လည်းမဟုတ်ပြန်သည့်
ဤခေါ်သံကအတွေးထဲခဏခဏရောက်လာ
သည်တဲ့လား ။ အမေတို့ ဘကြီးတို့ခေါ်နေကျနှင့်
မတူပဲ ကျွန်တော့်အတွက်တမျိုးတမည်လေးကို
ခံစားရစေသည် ။ ထိုကတည်းက မြန်နေသည့်
အသက်ရှုနှုန်းတွေသည် အခုချိန်ထိကို
အရှိန်မသတ်သေး..... ။" မြေးလေး.... "
" ဗျာ ......"
" ဘာတွေပြုံးနေတာတုန်း
ဘကြီးကြည့်နေတာကြာနေပြီ "" အာ.... ဘာ ...ဘာမှမဟုတ်ပါဘူး ဘကြီးရယ်
ဟို ...သား ..သားရွာက သာစိန်တို့သာအေးတို့ အမွှာနှစ်ယောက်ကို တွေးမိပြီးသတိရလို့ပါ
သား ...သူတို့ကိုတွေးမိသွားတာ "ဘယ်လောက်ထိတောင်သတိမဲ့နေလည်းမသိ ။
ဘကြီးပင်မေးရသည်အထိပင် ။ သိတတ်သည့်
အရွယ်ကတည်းကမုသားမစကားမဆိုတော့ သည်ကြောင့် အဖြေစကားဟာလည်း
မချောမွေ့ခဲ့ ။ ထစ်အစွာမုသားဆိုပြီးကာမှ
ကိုယ့်ကိုကိုယ်မလုံစွာခံစားရပြန်သည် ။" အမှန်က.... သားနာမည်ကို
သူကခေါ်လိုက်လို့ပါ မထင်ထားတော့လေ သားကိုအသိမှတ်ပြုပြီဆိုပြီး ပြုံးမိတာပါ "" အော်... ဒါကြောင့်ကိုး
ဘကြီးပြောပါတယ် ရှိုးကအရမ်းကြီးမဆိုးပါဘူးလို့
ဒီမှာကြည့် မြေးလေးအတွက်တဲ့
ရှိုးဝယ်ပေးတာ "" သူကဝယ်ပေးတယ်.... "
ဘကြီးရဲ့စကားအဆုံး
ကျွန်တော့်အံ့သြမှုတွေကတခမ်းတနားစွာ ။" ဟုတ်ပါ့ မနေ့ကမြေးလေးနဲ့လိုက်မလားဆိုပြီး
ဒီအင်္ကျီလေးကိုမေးကြည့်နေတာ
ရှိုးကတစ်ခါတည်းရှင်းပေးသွားတယ် "" ဟုတ်တယ်ပေါ့
ဘ...ဘ.... ဘကြီး..... ဒီအင်္ကျီတစ်ထည်လေးကို
၅၀၀၀၀ ပေးရတယ်....ဘုရားရေ "ဘကြီးလှမ်းပေးသည့်ရှပ်အင်္ကျီလေးရဲ့
ဂုတ်နားကပ်ထားသည့်ဈေးနှုန်းကိုမြင်ပြီး
တော်တော်သွေးတတ်သွားသည် ။ ဒီပမာဏဆို
ရွာမှာကောင်းကောင်းကြီးသုံးလို့ရတယ်လေ ။