48 ...

22K 2.6K 216
                                    



လှေကားကို နှစ်ထစ်သုံးထစ်နှုန်း ခွကျော်တတ်သွားသည့်ကောင်လေးကို
လှမ်းဆွဲဖို့ပင်အချိန်မရလိုက်ပါ ။ ကျောင်းမသွားဘူးဆိုပြီးပစ်ချထားခဲ့သည့်
လွယ်အိတ်လေးကိုသာကောက်ယူ၍
ဘာကိုဆက်လုပ်ရမည်မသိ ။ ဒေါသကို
ရှေ့တန်းတင်ပြီး ဘာကိုမှမတွေးလိုက်မိပြီ ။

" သားရယ် စိတ်ရှည်ရှည်ထားပြီး
မေးဖြေလုပ်လို့ရသားနဲ့ကွယ်
သူရှင်းပြပြောပြတာလေးကိုလည်း
နားထောင်ဦးမှပေါ့ သားကသံသယတွေနဲ့
သူဘယ်လိုနေမလဲ  "

" ...... "

" အခုဟိုကလေးက စိတ်ဆိုးသွားပြီ
ဘာမှလည်းစားမသွားတော့ဘူး
သူ့ခဗျာ ဗိုက်တွေဆာနေတာ
သားနဲ့အတူတူစားဖို့စောင့်နေရှာတာ "

" ...... "

" သားရော မစားတော့ဘူးမလား "

" မစားတော့ဘူး "

" အေးအေး ဒေါ်တင်ပြန်သိမ်းထားလိုက်မယ်
သွား ဟိုကလေးကိုသွားချော့ခေါ်ချေ "

မိုင့်ဘက်ကိုမတွေးမိဘဲ ကျွန်တော့်ခံစားချက်တွေ ကိုပဲတွေးလိုက်မိသည် ။ ဒါ့အပြင် ဒေါသကြောင့် စကားတွေပါမှားရသည် ။ မိုင့်ကိုမယုံကြည်ရတဲ့
အဓိပ္ပါယ်တွေသက်ရောက်ကုန်သည် ။ အမှန်က
မိုင့်ကိုမယုံတာမဟုတ်ယုံကြည်သည် ။ သို့ပေမယ့် စိုးရိမ်ပူပန်စိတ်တွေရော ဒေါသတွေကြောင့်ရော ဘာကိုမှမမြင်မိ ။ ထိုကြောင့်လည်း
သူ့ကိုမယုံရလေခြင်းဟူ၍ ကျွန်တော့်ရဲ့မိုင်ငယ်
ဝမ်းနည်းသွားရပြီထင်ပါသည် ။ အခုအခါ
စိတ်ကိုအေးအေးလျော့ကာမှ ကျွန်တော်မှားသည် ဟုသတိတွေအထပ်ထပ်ပေးနေမိသည် ။ ထိုကြောင့် ကျောင်းမသွားဘူးဆိုပြီး ဆိုးသွားသူ လေးကိုသွားချော့ခေါ်ပြီး တောင်းပန်ခေါ်ပြီး မိုင့်စကားလေးတွေကို သေချာနားထောင် ပေးပါမည်ဟုတွေးကာ အပေါ်ထပ်ကို တက်လာခဲ့တော့သည် ။



ဒေါက်..... ဒေါက်..... ဒေါက် ....

" မိုင်... ကိုယ်ပါ "

တံခါးခေါက်သံနှင့်အတူ ခေါ်သံလေးကိုပါ
ကြားရသည် ။ ခုနကနှင့်မတူပဲ နူးညံ့သိမ်မွေ့သော ကိုကြီးရဲ့အသံက အော်ခဲ့သည့်သူမဟုတ်သလို။
မဖွင့်ပေးဘူး လုံးဝမဖွင့်ပေးချင်ဘူး  မိုင့်ကိုမယုံကြည်တာကိုမိုင်ဘယ်လောက် ဝမ်းနည်းသွားရလည်းကိုကြီးမှမသိပဲ ။
ထပ်ခါထပ်ခါတံခါးခေါက်သံ ထပ်ခါထပ်ခါ ခေါ်သံတွေကိုလျစ်လျူရှုရင်းသာ ဘယ်သူက
ုကျွန်တော့်ဖုန်းထဲစာပို့သလဲဟုသာ ကုတင်ပေါ်ထိုင်ရင်းတွေးနေလိုက်သည် ။

"" Mile "" ..... Love you Where stories live. Discover now