At 9 : 30 am.... ။
လက်ထဲကကိုင်ထားမိတဲ့ ပုဝါဖြူဖြူလေးကို
ကြည့်ရင်းရင်ခုန်နှုန်းတွေမြန်နေသည် ။ ထိန်းရခက်သည် ။ သူ့ကိုတွေ့ရင် ခံစားချက်တွေလည်း မှားနေသည် ။
နားလည်းရသလောက် ဒီနှလုံးသားသည်
အချစ်ကိုအစပျိုးနေပြီထင်ပါသည် ။ ဆယ်ကျော်သက်မို့ရင်ခုန်သည်ကထားပါ ။
သို့ပေမယ့် မိန်းကလေးတစ်ဦးကိုမဟုတ်ပဲ
ယောက်ကျားလေးတစ်ဦးကိုမှ ခုန်သည့်
ဒီနှလုံးသားကအတုကြီးဖြစ်လိမ့်မည် ။
အနေနီးလို့ ဒါမှမဟုတ် အသက်ကိုကယ်ပေးလို့
ဒါမှမဟုတ် သူကျွန်တော့်ကိုဂရုစိုက်ပေးလို့
ခဏတာနှလုံးသားကမှားခြင်းဖြစ်ပါစေဟုသာ ။" လူလေး "
" ဗျာ ကြီးကြီးတင်
သားကိုခိုင်းစရာရှိလို့လား "" ခိုင်းစရာမရှိပါဘူးကွယ်
ရှိုးကပြောလိုက်တယ်
အလုပ်ကိစ္စပေါ်လာလို့တဲ့ "" ဟုတ် ဟုတ် ကြီးကြီး
သားအဝတ်စားသွားထုတ်ပေးလိုက်မယ် "" နေ နေ သူ့ဆီမလာနဲ့တဲ့
သားပါလိုက်ရမှာမလို့ အဝတ်စားလဲထားတဲ့ "ခါတိုင်းလိုကိုယ်တိုင်တစ်ယောက်တည်းမသွားပဲ
ကျွန်တော်ကဘာလိုက်လုပ်ရဦးမည်လဲ ။ ကျောကဒဏ်ရာလည်းသက်သာနေပြီကို ။
သူနှင့်တစ်ခါလိုက်ပြီးကတည်းက နောင်အခါ
ဘယ်တော့မှမလိုက်ရပါစေနဲ့လို့ ဆုတောင်းက
လွဲပြန်ပြီ ။ အခုလည်း တစ်ချက်လွှတ်အမိန့်ကို
ငြင်းမရ၍အဝတ်စားလဲဖို့သာပြေးရသည် ။အပြေးအမြန်သွားလဲတာတောင်မှ အပြင်ကိုထွက်လာတော့ သူကစောင့်နှင့်နေပြီ ။
မြင်နေကျ all blank ပါပဲ ။ သို့သော်လည်း
တစ်ရက်ထက်တစ်ရက်ကြည့်ကောင်းမှုတွေက
ငြင်းမရ ။ ကျွန်တော်ထွက်လာတာလည်း မြင်တော့ ကားနောက်ခန်းကိုတက်ဝင်သွားသည် ။
ထိုကြောင့်ခပ်မြန်မြန်ခြေလှမ်းလှမ်းကာ
ကားပေါ်ကိုတက်ဖို့ပြင်လိုက်သည် ။" နောက်ခန်းလာခဲ့ မိုင် "
သူ့စကားကြောင့်ဆက်တက်ဖို့ခြေလှမ်းတွေ
ရပ်ရသည် ။ သူနှင့်အတူတူထိုင်ရမည်တဲ့ ။
ကြောင်တောင်တောင်ရပ်နေမိတော့ သူစိတ်မရှည်တော့ပဲ ကျွန်တော့်ကိုစူးစိုက်စွာ
ကြည့်လာသည် ။ ထိုကြောင့် အအော်မခံရခင်
သူရှိရာကားနောက်ခန်းကိုတက်ခဲ့ရတော့သည် ။
ပြီးသည်မှကားနက်ကြီးတဖြေးဖြေးမောင်းထွက်လာခဲ့သည် ။ ဘေးကပ်ရပ်ဆိုပေမယ့် သူကဟိုထောင့် ကျွန်တော်ကဒီထောင့် ။
အလယ်ကလူငါးယောက်လောက်ဝင်ရဆံ့သည် ။
သူ့ကိုကြည့်လိုက်တော့လည်း စာရွက် စာတမ်းတွေကိုလက်မှတ်ထိုးနေသည် ။ တစ်ရွက်ပြီးတစ်ရွက်ထိုးပြီးတိုင်း ကျွန်တော့်ကိုလှမ်းလှမ်းပေးသည် ။
ဒါလေးကိုင်ပေးဖို့များ လူကိုနောက်ခေါ်ထိုင်ရသည်
အောက်ကိုချထားပြီးရောကိုများ ။ အလကား
ကျွန်တော်ပဲရင်ခုန်ရတယ် ။ မခုန်ချင်ပါဘူး ဆိုမှ
ဒီလူကြီးနဲ့တော့ခက်ပြီ ။