နိုဝင်ဘာလ ၁၀ ရက်နေ့ ။
ကျွန်တော်ဒီကိုရောက်တာ တစ်ပတ်ပင် ကျော်လာခဲ့ပြီ ။ အဆင်ပြေတစ်လှည့် မပြေတစ်လှည့်နှင့် အမျိုးမျိုးဖြတ်သန်းခဲ့ရသော
နေ့ရက်လေးတွေနောက်မှာ ဘကြီးပင်
ရွာကိုပြန်တော့မည် ။ ကျွန်တော် အဆင်မပြေမည်စိုး၍ အတူတူနေပေးလာသော
နေ့ရက်များသည်မြန်လွန်းလှပေသည် ။ ဒီကြားထဲ
ပိုပိုအဆင်ပြေလာသည့်ကျွန်တော်နှင့်သူ ။" မြေးရေ အဲနားဆိုရပြီ
ခဏနေကားလာခေါ်မှတင်တော့မယ် "" ဟုတ် ဘကြီး "
ရွာပြန်ယူဖို့ ဘကြီးပစ္စည်းလေးတွေကို အဆင်သင့်ဖြစ်နေအောင်ကူသယ်ပေးသည် ။
ထိုနောက် မီးဖိုခန်းဆီပြေးရသည် ။ ၉ နာရီ ကားမလာခင် ဘကြီးစားသွားဖို့ရာနှင့် ဒီနေ့အလုပ်နားပြန်သောသူ့အတွက်
စားဖို့ရန်တစ်ခုခုပြင်ပေးရပေမည် ။" မြေးငယ် ထမင်းကြော်ဖို့လား "
" ဟုတ်ဘူး ဘကြီးရဲ့
ထမင်းကြော်ဆို ဘကြီးကားစီးရမှာနဲ့
ရင်ခံနေလိမ့်မယ် ဒါကြောင့်
Mama ဆီချက်လေးကို
ပြုတ်ပေးမယ် ဒီတိုင်းပြုတ်ပြီး သုတ်တာစားချင်လား
နည်းနည်းခြောက်ခြောက်လေး ပြန်ကြော်ပေးရမလား ဘကြီးကြိုက်တာပြော "" ဒါဆို ပြုတ်ပြီးပြန်ကြော်ပေး
ရှိုးရော ရှိုးကိုရောဘာကျွေးမှာလဲ "" နေ့တိုင်း ထမင်းကြော် ဒါမှမဟုတ်
ကော်ဖီမုန့် နဲ့ တခြားဟာတွေပဲ သူစားနေရတာမလား ဒါကြောင့်
ဘကြီးနဲ့အတူတူ သူ့ကိုပါ ပြင်ပေးလိုက်မယ် "" ဟုတ်ပြီ
ဘကြီးကူရဦးမလား "" ရတယ်ဗျ
ဘကြီးကထိုင်ပဲနေဗျ "သူရယ်ဘကြီးရယ်အတွက် Mama ဆီချက်လေး နှစ်ထုပ်ကိုအသင့်ဖောက်ကာထားသည် ။
ရေနွေးလေးကိုလည်းအရင်ဦးစွာ ပွက်ပွက်ဆူ အောင်တည်ထားရင်း နည်းနည်းလေး ပြန်ကြော်ဖို့အတွက် လိုအပ်သည်တို့ကိုလည်း အဆင်သင့် ။ ကိုယ့်အာရုံ ကိုယ့်အတွေးလေးနဲ့ ကိုယ်ဟုတ်နေကာမှ ဝင်ရောက်နှောက်သူ
ထိုလူသား ။ စမှားသည်က သူဆင်းလာရာကို
အမှတ်မထင်ကြည့်မိရာမှစသည် ။ အမြဲမြင်နေကျ
All black ကိုမှအလုပ်သွားသည့်ပုံစံမဟုတ်ပဲ
အိမ်နေရင်းပေါ့ပေါ့ပါးပါးသာ သူဝတ်ထားသည်။
သေချာပြောင်အောင်မသုတ်ထားသည့် ရေစတွေနဲ့
ဆံသားတို့ကဒီတိုင်းတိုင်း ။ အခုရက်ပိုင်း သူ
ကျွန်တော့်ကိုနည်းနည်းစိတ်ရှည်ပေးလာလို့လား မသိ ကျွန်တော်သူ့ကိုအနုစိတ်စွာကြည့်ကြည့်မိ နေတတ်သည် ။ ကြည့်မိတိုင်းလည်း ခံစားမှုတွေရဲ့ ကျွန်တော်ဟာမူမမှန်စွာ ။