49 ...

24K 2.7K 187
                                    



ကျွန်တော်ကျောင်းမသွားတော့ သူလည်းအလုပ်ကိုမသွားသူကြီးနှင့်
ဟုတ်တော့ဟုတ်နေသည် ။ သူကအရှေ့မှာဆို
ကျွန်တော်ကအနောက်မှာနေသည် ။ သူက အနောက်မှာဆိုကျွန်တော်ကအရှေ့ကိုသွားသည်။
တမင်မဆုံအောင်နေပေမယ့် သူခေါ်လိုက်တိုင်း လာရမည်ဆိုသောကြောင့် ကျွန်တော့်မှာ ဝေးဝေးတော့မသွားရဲ ။ တစ်မနက်လုံး ဟိုရှောင်ဒီရှောင် ခေါ်ရင်သွားလိုက်နှင့် နားမနေရသည်မှာအမှန်ပေ ။ အခုလည်း
ကျွန်းကုတင်ကြီးပေါ်မှာ ကျောမှီထားကာ အကောင်းစားစောင်ကြီးကို ခါးပိုင်းကနေ
အောက်အထိခြုံကာထားသည့်သူက lap top
နှစ်ခုနှင့်အလုပ်ရှုပ်နေသည် ။ ကျွန်တော်ကတော့
ဒီလူကြီးရဲ့ခြေနှစ်ဖက်တစ်လျှောက်အပေါ် ကျွန်တော့်ခြေထောက်နှစ်ဖက်နင်း၍နေရသည့်
အခြေအနေ ။ သူညောင်းနေသည် နင်းပေးဆို၍
ကျွန်တော်တက်နင်းနေရပေသည် ။

" အဲဒီခြေတလုံးတစ်နေရာထဲနင်းနေတာ နာလှပြီ
ပေါင်ပေါ်လျှောက်လာခဲ့ဦး "

ဒီလူကြီးကို စိတ်ကောက်နေပါတယ်ဆိုပြီး ဘာမှမပြောမလုပ်ပေးချင်ပေမယ့် သူ့ဝေယျာဝစ္စ
လုပ်ပေးဖို့ရာကလည်းတာဝန်ကရှိနေသေးသည်။
ဒါကိုအသုံးချပြီး တစ်ခုပြီးတစ်ခုခိုင်းနေသည့်
ထိုလူကြီးက ကျွန်တော်မမြင်လေအောင် တစ်ခါတစ်ခါခိုးခိုး၍ရယ်တတ်သေးသည် ။ နားလည်မှုလွဲနေတာကိုပြန်ပြေလည်အောင် မပြောမဆိုလာပဲနဲ့ အခုလိုနေနေတာ ဒီလူကြီးတော်တော် ပျော်နေသည်ထင်ပါသည် ။ ကျွန်တော့်ကိုရုပ်တည်ကြီးနဲ့ ခိုင်း၍ ကောင်းနေတော့သည် ။

" ပေါင်ဆိုတော့လည်း ပေါင်မှာပဲ
တစ်နေရာထဲနင်းနေပြန်ပြီ ဒီကောင်လေး
အပေါ်အောက်ကိုလျှောက် "

အတွေးတွေနဲ့မို့ တစ်နေရာထဲနင်းမိပြန်တော့
အပြောခံရပြန်ပြီ ။ ခါတိုင်းစိတ်အတိုင်းဆို
ကိုကြီးဘာမှပြောစရာမလိုအောင် ပြုစုပေးဖို့
တာဝန်ယူနိုင်သည် ။ အခုအချိန်မှာတော့
ရွာဘုရားပွဲတွေမှာ ကလေးတွေဆော့သည့်
ပျော့ပျော့အိအိအပေါ်ခုန်သလိုမျိုး အားရပါးရ
ခုန်ချင်စိတ်ကိုထိန်းထားရပေတော့သည် ။

" ဟုတ်လားဆိုတော့လည်းမဟုတ်ဘူး
မဟုတ်လို့ပြောပြန်တော့လည်း ဆူဆူပုတ်ပုတ်နဲ့ "

"" Mile "" ..... Love you Where stories live. Discover now