At 5 : 00 pm >>>>>
ညနေငါးချက်ထိုးလေတော့ ကိုကြီးထမင်းစားဖို့ရာ
ပြင်ဆင်သည် ။ နေ့လည်ဆွမ်းကပ်ကပိုလျှံသည့်
ဟင်းဖွယ်မျိုးစုံထဲကမှ ကိုကြီးမစားသော အသားဟင်းအမယ်များကိုကျွေးသင့်သူကျွေးကာ
ဝေငှသင့်များကိုလည်းဝေမျှပြီးကာမှ ကိုကြီးအတွက်ငါးပုစွန်ဟင်းပွဲလေးသာ ချန်ထားသည် ။ ဟင်းစပ်တည့်ဖို့ရာဟင်းတွေ ရှိနေပေမယ့် ငရုတ်သီးထောင်းလေးကိုလည်း
ထောင်းချင်သေးသည် ။ ဒီနေ့ ကိုကြီးအတွက်
ဘာမှလိုလေသေးမရှိလေအောင်ဖြစ်နေ စေချင်သည် ။ ထိုကြောင့်လိုအပ်တာလေးကို
ပြင်ဆင်နေမိသည် ။" လူလေး
ငရုတ်သီးထောင်းနေတာလား "" ဟုတ် ကြီးကြီး "
" သားကထောင်းနေတာ
ရှိုးလေးကဆင်းတောင်လာပါ့မလား "" အကယ်၍ဆင်းလာမယ်ဆိုရင်
စားရအောင်လို့ပါ "" အေးအေး ဒါဆိုကြီးကြီးတော့ဝင်နားဦးမယ်
နည်းနည်းညောင်းနေလို့ "" သား ခြေထောက်တွေနင်းပေးရမလားဗျာ "
" နေပါ လူလေးရယ်
ခဏနားလိုက်ရင်ပျောက်သွားမှာ
လူလေးသာ အောက်ကြမ်းပြင်ပေါ်
အကြာကြီးထိုင်မနေနဲ့ "" ဟုတ် ဟုတ် ကြီးကြီး
ထောင်းပြီးရင် သားထမှာ "ကြီးကြီးပြောသလိုပင် နေ့လည်ကဆွမ်းကပ်သည့် ကိစ္စပြီးကတည်းက ကိုကြီးအောက်ထပ်ကို ဆင်းမလာတော့တာအခုညနေစာစားချိန်အထိပင်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ ကိုကြီးသာဆင်းလာခဲ့ရင်
အဆင်သင့်ဖြစ်နေစေချင်သည် ။ အရင်ကဆို
တစ်နေကုန်တောင်မထွက်ပဲနေသည်မလား ။
အဲဒီအတိတ်ကရက်တွေနဲ့ဆိုင်ရင် ဒီနေ့က
အများကြီးတော်ပါသေးသည်ဟုတွေးရင်း
ငရုတ်ဆုံနှင့်ဂျပွေ့ကိုယူကာ အဆင်သင့် ထည့်ကာထားသော အစာပလာတို့ကို
ညှက်ညှက်ကြေအောင်စထောင်းတော့သည် ။
စည်းချက်ကျကျအချက်လေးတွေထောင်းနေရင်း
ငရုတ်ဆုံနှုတ်ခမ်းနားပေါ်လာလာ တင်နေသည်ကြောင့် ဇွန်းလေနှင့်သပ်ချဖို့ရာ
ဇွန်းထယူရန်ထရပ်လိုက်သည် ။ ထရပ်ပြီး နောက်အလှည့်မှာ မထင်မှတ်ပဲကိုကြီးက ရပ်နေသည် ။ ရုတ်တရက်ကြီး လူတစ်ယောက် ရပ်နေသည်ကြောင့် အနည်းငယ်လန့်သွားသည် ။
နောက်ကိုလန့်ကျမလိုလိုဖြစ်သွားတော့ အချိန်မှီစွာ ကိုကြီးကခါးဆီဆွဲကာလှမ်းထိန်းပေးသည် ။
အားကိုးကြီးစွာကိုကြီးလက်မောင်းကို ဆုပ်ကိုင်ထားမိရင်းတစ်ဦးနှင့်တစ်ဦးစက္ကန့်ပိုင်းမျှ
ငေးနေမိပြီးမှကျွန်တော်ကဦးစွာ ကိုကြီးဆီမှ
ရုန်းခဲ့သည် ။ ပြီးကာမှ ကိုယ်ကိုမတ်မတ်ရပ်ကာ