Unicode
သူရိန် စေ့ထားတဲ့ခြံတံခါးလေးအသာတွန်းဖွင့်လိုက်တော့ ခြံစောင့်တစ်ယောက်ထွက်လာပြီး *ဆရာအထဲမှာစောင့်နေတယ်*ပြောတာကြောင့် ဝင်လာလိုက်သည်။ နာရီ ကြည့်တော့ 6 နာရီထိုးနေပြီ။ 5 နာရီခွဲ လို့ပြောထားပေမယ့် ပျင်းတာနဲ့ 6 နာရီထိုးခါနီးမှထွက်ခဲ့ခြင်းဖြစ်သည်။ ဘေးချင်းကပ်ရက်ခြံဆိုတော့ ဟိုဘက်ဒီဘက်ကူးရုံပဲကို...။ မနေ့က ဖေဖေ က ဟိုဘက်ခြံက ဆရာနဲ့စာသင်ရမယ်ပြောတုန်းက ငြင်းပေမယ့် နောက်ဆုံးထွက်တဲ့ဖုန်းအသစ်လဲပေးမယ်ဆိုတာကြောင့်လက်ခံလိုက်သည်။ ဘေးကပ်ရက်ခြံက ခပ်ချောချောလူကြီးကို အလှူနေ့တုန်းက တစ်ခါတွေ့ဖူးပြီး နောက်ရက်တွေ သူရိန်ခြံရှေ့ကဖြတ်သွားတိုင်းချောင်းကြ ည့်မိပေမယ့် ထပ်မတွေ့တော့။ ဖေဖေပြောတာတော့ ထိုဆရာက တက္ကသိုလ် ဆရာဟုပြောသည်။ ဘယ်လိုဆရာဖြစ်ဖြစ် တခြားဆရာတွေလို တစ်ပတ်လောက်နေရင် *ဇေသူရိန်ကို သင်ပေးလို့အဆင်မပြေလို့တခြားဆရာငှားလိုက်ပါ* ဆိုပြီး ပြောလာမှာပဲကို .... ဖုန်းတစ်လုံးတောင်အမြတ်ထွက်အုံးမည်။
ကိုယ့်အတွေးနဲ့ကိုယ်အဆင်ပြေပြီး အိမ်ထဲဝင်လာတော့ ဧည့်ခန်းထဲကဆိုဖာပေါ် စာအုပ်ခပ်ထူထူတစ်အုပ်ကိုင်ဖတ်ရင်းထိုင်စောင့်နေတဲ့ သူက ဘေးတိုက်အနေအထားစမြင်ရပေမယ့် ခန့်ညားလွန်းသည်။ သူရိန် ဝင်လာတော့ စာအုပ်ပိတ်ပြီးလှည့်ကြည့်တဲ့ အကြည့်ခပ်စူးစူးကြောင့် တန့်သွားရသည်။ မသိမသာခေါင်းငုံ့ချလိုက်မိ၏ ဒုတိယအကြိမ်မြောက်ပဲ ဒါက....။လူတစ်ယောက်က သူရိန် ကို ယှဥ်မကြည့်ရဲလောက်အောင်လုပ်နိုင်တာ ဒုတိယအကြိမ်မြောက်ပဲ။ ပထမတစ်ခါတုန်းက ခြံထဲမှာ ဝင်တိုက်မိခဲ့သည့်အချိန်ဖြစ်သည်။ကိုယ့်ကိုငုံ့ကြည့်လိုက်တဲ့အကြည့်ကိုကြာကြာမခံနိုင်တာကြောင့် ဖုန်းကိုပြန်ငုံ့ကြည့်ပြီးထွက်ပြေးခဲ့ရသည်။
ဇေသူရိန်ဆိုတာခပ်စွာစွာကောင်လေးတစ်ယောက်...အိမ်မှာလဲ ကိုယ့်ထက်အသက် 8 နှစ်ပိုကြီးတဲ့ မမ နဲ့နေ့တိုင်းနီးပါးရန်ဖြစ်သလို အပြင်မှာလဲ သူရိန်ကိုရန်စရဲတဲ့သူသိပ်မရှိ။ အထက်တန်းလွှာအသိုင်းအဝိုင်းဖြစ်ပြီးဂျစ်ကန်ကန်ပုံစံကြောင့် ရန်ပွဲဆိုတာသူရိန့်အတွက်သိပ်မရှား..။ ဖြစ်သမျှပြဿနာ အနောက်မှာလိုက်ရှင်းပေးတဲ့ မေမေကြောင့် လည်း သူရိန် ဘက်ကစပြဿနာရှာဖို့လည်းဝန်မလေး..။ အခုက ဒီလူကြီးနဲ့တွေ့ မှ အကြည့်တစ်ချက်နဲ့တင်သူရိန် ဘယ်နားနေရမှန်းမသိ...။ ကိုယ့်ကို ကိုယ်အားတင်းရင်း အရှေ့က ဆိုဖာမှာဝင်ထိုင်လိုက်တယ်။ လွယ်အိတ်လေးဘေးချပြီး ချစ်ဖို့ကောင်းအောင်ရီပြရသည်။ အရှေ့မှာ ထိုင်နေတဲ့သူလို jawline ကြီးတွေ ထင်းနေတဲ့ adam apple နဲ့ ကြွက်သားတွေ ကိုယ့်မှာမရှိပေမယ့် ရှိတဲ့ ပါးဖောင်းဖောင်းလေးနဲ့သွားစွယ်လေးကို ထုတ်ပြရသည်။
![](https://img.wattpad.com/cover/252338241-288-k148034.jpg)
YOU ARE READING
သက်ဆိုင်သူ (Unicode+Zawgyi)
General Fictionpunishment type ပါ။ အဆင်ပြေတယ်ဆိုမှဖတ်ပါ။