Unicode
ဧည့်ခန်းထဲ ဝေလင်းရှိန်ရှေ့မျက်နှာချင်းဆိုင်ထိုင်နေသူက ဖခင်ဖြစ်သူဖြစ်သည်။ ခရီးပြန်ရောက်သည့်နေ့က ပြောစရာရှိတယ် ပြောထားပေမယ် နှစ်ယောက်လုံးမအားမလပ်နိုင်တာကြောင့်စကားသေချာမပြောဖြစ်။ ဒီနေ့တော့ အိမ်မှာ ကလေးတွေ မရှိတာကြောင့် သားအဖနှစ်ယောက် ကော်ဖီသောက်ရင်းစကားပြောဖြစ်ကြသည်။ သူရိန်ကတော့ ဝေလင်းရှိန် ကိုယ်တိုင် အပ်ပေးထားသည့် interior design သင်တန်းသွားတာဖြစ်ပြီး ဒန်နီယယ်ကတော့ driver ပြောစကားအရ ကမ္ဘာအေးဘက်ချောင်းပေါက်မတတ်သွားနေသည်ဟုသိရသည်။ နိုင်ငံခြားသားဖြစ်၍ ကားမောင်းမရတာကြောင့် driver တစ်ယောက်နှင့်ကားတစ်စီးစီစဥ်ပေးကတည်းက ဒန်နီယယ်တစ်ယောက်အိမ်မကပ်တော့။ ဖခင်ပြောသည့် မင်းညီက အမေရိကမှာဆို အခန်းထဲကအပြင်မထွက်ပဲ ကွန်ပြူတာတစ်လုံးနဲ့ အလုပ်လုပ်နေတတ်တယ် ဟုပြောသည့်စကားကိုပင်သံသယ၀င်ရတော့မည်။
"Golf club တင်ဒါ ကိစ္စ အခက်အခဲဖြစ်နေတယ်ဆို သားကြီး"
"တစ်ဖက်က ၀င်နှောက်နေလို့အဖေ"
"အဲ့ဒီ့ club အရေးကြီးလို့လား"
"အရမ်းအရေးမကြီးပေမယ့် တစ်ခုခုဆို ဆုံးရှုံးမှုကလည်း မနည်းဘူးလေ။ ဝန်ထမ်းတွေအတွက်လည်းကြည့်ပေးရသေးတယ်"
"သားကြီးတို့ကိစ္စ daddy ဘာမှတော့၀င်မပြောချင်ပေမယ့် daddy ထင်တာမမှားဘူးဆို ဒီကိစ္စသူရိန်လေးနဲ့ဆိုင်မယ်ထင်တယ်"
"........"
"ပြောရခက်နေမယ်ဆိုပေမယ့် daddy ကို ပြောပြလို့ရမလား သားကြီး"
"ရပါတယ် အဖေ......သူရိန့်အစ်မ ခေတ်ရွှန်းသူ စနက်ပါမယ်ထင်တယ်။ Galaxy လုပ်ငန်းစုရဲ့သားက ခေတ်ရွှန်းသူနဲ့နာမည်ထွက်နေတယ်။ ပြီးတော့ လမ်းကြောင်းမတူပဲ တင်ဒါကိုလာနှောက်ယှက်နေတယ်ဆိုတော့ မရိုးဘူးလေ။ ဒါက ကျွန်တော့အမြင်သက်သက်ပါ။ သေချာအောင်စုံတော့စမ်းလိုက်အုံးမယ်"
"daddy အကူအညီလိုလား"
"ကျွန်တော်ဖြေရှင်းနိုင်ပါတယ်"
ပြောစရာရှိသည်ဆိုသည့်ကိစ္စကိုလွန်၍ စကားပုလ္လင်ခံနေသည့် ဖခင်ကြောင့် ဝေလင်းရှိန်မေးသမျှ ပြန်ဖြေနေရသည်။ ကော်ဖီကို တစ်ငုံမော့ပြီး စားပွဲပေါ်ပြန်ချလိုက်သည့်ဖခင်က ဝေလင်းရှိန်ကိုကြည့်လာ၏
ВЫ ЧИТАЕТЕ
သက်ဆိုင်သူ (Unicode+Zawgyi)
Художественная прозаpunishment type ပါ။ အဆင်ပြေတယ်ဆိုမှဖတ်ပါ။