Unicode
tab ထဲက mail တွေနဲ့ အရှေ့က ဖိုင်ကို အပြန်ပြန်အလှန်လှန်ထိုင်စစ်နေသည့် အစ်ကို့ရှေ့ ဒန်နီယယ်ရပ်နေသည်က အသက်ရှူဖို့မေ့လျော့နေသည်အထိဖြစ်၏ အချိန်သည် ဘယ်လောက်ကြာသွားပြီမှန်းမသိပေမယ့် အစ်ကို့မျက်နှာအပြောင်းအလဲကို ဒန်နီယယ်အသေးစိတ်လိုက်ကြည့်နေမိသည်က တုပ်တုပ်မျှပင်မလှုပ်မိ။ ဒန်နီယယ့်အစ်ကိုဖြစ်သူ PARAGON လုပ်ငန်းစု ဥက္ကဌ ဦးဝေလင်းရှိန်ရဲ့ စေ့စပ်သေချာမှုက တော်ရုံမှမဟုတ်ဘဲ။
အာရှမှာ စီးပွားရေးတစ်ခုထပ်မံအခြေချတိုးချဲ့ဖို့ ဖေဖေက အစ်ကို့လုပ်ငန်းစုနဲ့ project တစ်ခုပူးပေါင်းလုပ်ဆောင်မှုတွင် ဒန်နီယယ်က ကိုယ်စားလှယ်အနေနဲ့ လုပ်ဆောင်ပေးရသည်။ မည်မျှပင်သွေးသားချင်းပြောပြောအလုပ်နဲ့ပတ်သတ်လျှင် တိကျလွန်းသည့် အစ်ကိုကြောင့် ဒီရက်တွေမှာ ဒန်နီယယ်က အလုပ်ကိုပုံမှန်ထက်ပိုအာရုံစိုက်နေရသည်။ ပထမအကြိမ် ဒန်နီယယ်တင်ပြသည့်မူကြမ်းက လိုအပ်ချက်တွေရှိကြောင်း အစ်ကိုထောက်ပြတော့ ဒါကိုဒုတိယအကြိမ်ပြန်ပြင်ဆင်ရခြင်းဖြစ်သည်။ ဒီတစ်ကြိမ်ကိုတော့ အကောင်းဆုံးနှင့် အသေချာဆုံးဖြစ်အောင်ပြင်ဆင်ခဲ့ပေမယ့် ထိုယုံကြည်ချက်တို့သည် အစ်ကိုရှေ့ရောက်သည်နှင့် စာစစ်ခံရသည့် ကလေးတစ်ယောက်လိုဖြစ်သွားသည်က ပြဿနာပင်။
IT လုပ်ငန်းနဲ့ပတ်သတ်လျှင် ဘာလာလာဒေါင်းသည့် ဒန်နီယယ်က စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သတ်လျှင်တော့ ဖိအားအနည်းငယ်ရှိ၏ ဒန်နီယယ်အလုပ်၀င်နေသည့် လုပ်ငန်းက Project တစ်ခုကိုကောင်းမွန်စွာအချောသတ်လိုက်နိုင်ပေမယ့် ဖေဖေ့စီးပွားရေး project အတွက် ဒန်နီယယ်အလုပ်ထဲခေါင်းစိုက်ရတော့သည်။ စေ့စပ်ထားပြီးပြီဖြစ်သည့် ပတ်သတ်မှုကြောင့် baby က အိမ်ကို၀င်ထွက်သွားလာရင်း ဒန်နီယယ့်ကို ၂ ရက်တစ်ခါလောက်လာတွေ့ပေးနေလို့တော်သေးသည်။ မဟုတ်ရင် baby နဲ့တွေ့ရဖို့တောင် ခဲယဥ်းလွန်းသည့်အခြေအနေဖြစ်နေတော့မှာ။
"ပြည့်စုံပါတယ်"
*ဟူး*
အချိန်အတော်ကြာစစ်ဆေးပြီးမှ အစ်ကို့ဆီကထွက်လာသည့်စကားတစ်ခွန်းတွင် ဒန်နီယယ် ဟူးခနဲ သက်ပြင်းချလိုက်မိသည်။ အစ်ကိုကတော့ ထိုင်ခုံပေါ်မှီချပြီး ဒန်နီယယ့်ကို နှုတ်ခမ်းစွန်းတစ်ဖက်ကော့တက်ရုံပြုံးရင်းကြည့်၏
ВЫ ЧИТАЕТЕ
သက်ဆိုင်သူ (Unicode+Zawgyi)
Художественная прозаpunishment type ပါ။ အဆင်ပြေတယ်ဆိုမှဖတ်ပါ။