Unicode
Flash back start
လွန်ခဲ့သော 4 နှစ်ခန့်
လူကုံထံရပ်ကွက်ဖြစ်တာကြောင့် အိမ်ကြီးအိမ်ကောင်းများနှင့် ခြံဝန်းကျယ်ကြီးများရှိသည့် နေရာသို့ ဝေလင်းရှိန် ကားကိုဂရုတစိုက်မောင်းရင်းဝင်ချလာသည်။ ကျေးငှက်သံတချို့ တစ်ချက်တစ်ချက်သာကြားရပြီး တိတ်ဆိတ်လွန်းသည့် နေရာဖြစ်၍ နေလို့တော့အဆင်ပြေနိုင်လောက်ပါသည်။ လမ်းကွေ့တစ်ချို့ဖြတ်သန်းပြီး ကြီးမားသည့် ခြံဝန်းနှင့် သုံးထပ်တိုက်ကြီးရှေ့ရောက်သည့်အခါ တွင်တော့ ဝေလင်းရှိန်ကားကိုခြံရှေ့တွင်ပင်ရပ်လိုက်သည်။ မြင်နေရပြီဖြစ်သည့် ၃ ထပ်တိုက်ကြီးကိုကြည့်ပြီး သက်ပြင်းဖွဖွချမိသည်။ ဒီလိုနေရာတွေ ကို ဝေလင်းရှိန်တကယ်မကြိုက်ပါ။
Engineering ကို Architecture major နဲ့ ဘွဲ့ယူပြီး ကိုယ်ဘွဲ့ရခဲ့တဲ့တက္ကသိုလ်မှာ tutor ပြန်လုပ်ရင်းဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းနေတဲ့ ဝေလင်းရှိန် က အမေရိက မှာ လုပ်ငန်းအခြေစိုက် နေတဲ့ ဖခင်ရဲ့ အကူအညီတောင်းခံမှုကြောင့် ဒီအိမ်ကြီးကိုရောက်နေရခြင်းဖြစ်သည်လေ။ ကိုယ်တိုင် စိတ်ကြိုက် ဒီဇိုင်းဆွဲပြီး စိတ်ကြိုက် ဆောက်လုပ်ထားတဲ့ အိမ်လေးနဲ့ သစ်ပင်ပန်းမန်အစုံပြုစုပျိုးထောင်ထားသည့်ခြံ ဝန်းကို ခြံစောင့်လင်မယားဆီအပ်ထားခဲ့ပြီး ဒီ အိမ်ကြီးမှာ ခနအခြေချရအုံးမည်။
တိမ်းပါးသွားတဲ့မိခင်ဆီက လုပ်ငန်းနဲ့ အမွေတွေရခဲ့ပေမယ့် ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းချင်တဲ့ ဝေလင်းရှိန်က ဝါသနာပါရာစာသင်တဲ့အလုပ်ကိုပဲလုပ်နေသည်။ အမေရိက မှာ တစ်အိုးတစ်အိမ်ထူထောင်တဲ့ဖခင်က လုပ်ငန်း တွေလာဦးစီးပေးဖို့ပြောပေမယ့် စိတ်မဝင်စားပါ။ သူ့မိသားစု နဲ့သူ အခြေကျနေတာကို ကိုယ့်ကြောင့်မရှုပ်ထွေးစေချင်တာလည်းပါသည်။ ဒါပေမယ့် အခုက မြန်မာနိုင်ငံ ခနပြန်လာဖို့တောင်အချိန်မပေးနိုင်ပဲအလုပ်ရှုပ်နေတဲ့ ဖခင်က အကူအညီတောင်းတာမို့ မကူညီပေးလို့မဖြစ်ပေ။
လိုအပ်တဲ့ပစ္စည်းပစ္စယ တချို့က မနေ့က လာပို့ထားပြီးပြီဖြစ်လို့ ဒီနေ့တော့ ပစ္စည်းများများစားစားမရှိ။အဝတ်အစားတွေ ဗီရိုထဲ စီထည့် သန့်ရှင်းရေးခနလုပ်ပြီး အိမ်ကို တစ်ချက်လှည့်ပတ်ကြည့်လိုက်သည်။ ၁ လ ၁ ခါ သန့်ရှင်းရေးအတွက် ဝေလင်းရှိန်အမြဲလူလွှတ်ပြီးလုပ်ခိုင်းနေကျဖြစ်သည်ကြောင့် အများကြီးတော့ သန့်ရှင်းရေးမလုပ်လိုက်ရ။ ထို့ကြောင့်လည်း ယခင်အိမ်ထက်ကျောင်းနဲ့အနည်းငယ်ပိုဝေးသွားပြီဖြစ်တာကြောင့် နောက်တစ်နေ့ စောစောထနိုင်ဖို့ စောစောစီးစီးပင်အိပ်ရာဝင်ခဲ့လိုက်သည်။
![](https://img.wattpad.com/cover/252338241-288-k148034.jpg)