Unicode
"အဟမ်း"
အရှေ့ဆိုဖါပေါ် ခြေထောက် နှစ်ချောင်းလုံးတင်တာ ထိုင်နေသည့် ကြောင်ပေါက် တစ်ကောင်သည် စကားဆက်မပြောသေးပဲ ခပ်တည်တည်ပင်ချောင်းတစ်ချက်ဟန့်လိုက်၏ ထို့ကြောင့် ပြောလာမည့်စကားကို ဒန်နီယယ် မျှော်လင့်တကြီး စောင့်စားနေမိသည်။ အနည်းငယ်တော့ အောင့်သက်သက်နိုင်ပေမယ့် မတတ်နိုင်။ အခုချိန်တွင် ကြောင်ပေါက်က ထိုကိစ္စများတွင် ဒန်နီယယ့် ထက်ပိုစီနီယာကျသည်မဟုတ်ပါလား။
"အဲ့တော့ ကိုရဝေက အစ်ကိုနဲ့ date လုပ်တာကို လက်တောင်ပေးမကိုင်ဘူးပေါ့"
"အနားတောင် တောင်းတောင်းပန်ပန်ကပ်နေရတယ်ကွာ ဖြစ်သင့်လား စဥ်းစားကြည့် ကြောင်ပေါက်ရာ"
"ဒါနဲ့ ကိုရဝေက ဘယ်တုန်းက အဲ့လောက်အိန္ဒြေကြီးသွားတာလဲ"
"ဟ.....ငါလည်း မသိလို့ပေါ့ကြောင်ပေါက်ရ။ အရင်တုန်းကတောင် အနားကပ်လို့ရသေးတယ် ..... အဖြေရပြီးမှအနားကပ်တာတောင်ငါ့မှာအော်လွှတ်ခံနေရတယ် ....... ကျစ်......ကြောင်ပေါက်ရာ စဥ်းစားပေးစမ်းကွာ။ အဆင်ပြေရင် ဒီကယောက်ဖလေးရဲ့ ကျေးဇူးကို အစ်ကိုက မမေ့ပါဘူး...."
"ရပါတယ် ရပါတယ် ဒါမျိုးကကူညီကောင်းပါတယ်။ဒါဆို........အစ်ကိုကလက်ကိုင်ချင်တာပေါ့"
"အာ.....လက်ကိုင်ရုံပဲတော့ဘယ်ဟုတ်မလဲကွ။ မင်းလည်းသိရဲ့သားနဲ့။ လက်ကိုင်ရမယ် ဖက်ရမယ် နမ်းရမယ် မင်္ဂလာဆောင်ရမယ် ဘာညာဘာညာ လုပ်ရမယ် အဆင့်တွေအများကြီးကျန်သေးတာကို ...... အခုကလက်လေးတောင်အကိုင်မခံတော့ ဘယ်လိုအဆင့်တက်မလဲကွ"
ဒန်နီယယ့်အပြောကိုခေါင်းတဆတ်ဆတ်ညိမ့်ကာဆရာကြီးအထာဖမ်းနားထောင်နေသည့် ကြောင်ပေါက်က တစ်ခုခုကိုအလေးအနက်စဥ်းစားနေသည်ကြောင့် ဒန်နီယယ် ငြိမ်ငြိမ်လေးခန စောင့်နေလိုက်သည်။
"နည်းလမ်းတစ်ခုတော့ရှိတယ်ဗျ။ အလုပ်ဖြစ်လောက်တယ်။ ကိုယ်တိုင်စမ်းသပ်ထားတာဆိုတော့"
"အေး.....လုပ်စမ်းပါအုံး"
ဒန်နီယယ် အားကိုးတကြီး အရှေ့အနည်းငယ်တိုးလိုက်သည်။ စိတ်လှုပ်ရှားနေသည်ဖြစ်၍ အရှေ့မှရေခွက်ကိုအရင်ကောက်မော့လိုက်၏
YOU ARE READING
သက်ဆိုင်သူ (Unicode+Zawgyi)
General Fictionpunishment type ပါ။ အဆင်ပြေတယ်ဆိုမှဖတ်ပါ။