Unicode
"Fuck......သတောင်းစားတွေ ပြောတော့သရဲကားဆို။ မင်းမေ -*င်လူသတ်ကားကြီးဟ"
ဆဲနည်းပေါင်းစုံဆဲကာ ပတ်တီးမစီးထားသည့်လက်တစ်ဖက်နှင့် ဆိုဖာအနောက်ခု ကူရှင်ကိုယူပစ်ပေါက်လိုက်သည့် သူရိန်ကြောင့် ဇွဲနိုင် တစ်ယောက် အမြန်လှမ်းဖမ်းရသည်။ ရှိုင်း နှင့် မင်းသူ ကတော့ လက် ၂ ဖက်လုံးအားသည်ကြောင့် ဇွဲနိုင်ကို ၀ိုင်းသမကြ၏
"ဟ......နာတယ် ဟေ့ကောင်တွေ....-ီးမို့ ဝိုင်းရိုက်နေကြတာလား ငါလည်း အသစ်ထွက်တဲ့ထဲက rating မြင့်တဲ့ကား down လာတာပဲဟ"
သူရိန်တို့ သရဲကားကိုကြည့်ရဲပေမယ့် လူသတ်ကားတော့မကြည့်ရဲ။ သရဲကားထဲကအတိုင်း သရဲက အပြင်မှာခြောက်မရပေမယ့် လူသတ်ကားထဲကအတိုင်း လူတွေကိုအပြင်မှာတကယ်သတ်လို့ရသည်ကြောင့် thriller ကားကြည့်တိုင်း ၁ ပတ်လောက်အိမ်မှာနေရင်းတောင်မလုံမလဲဖြစ်တတ်တာကြောင့် အတတ်နိုင်ဆုံးလူသတ်ကားတွေကိုတော့ရှောင်၏ ဇွဲနိုင် down ထားသည့်ကားသည် horror / thriller ရောထားသည်က C.O.R.N - A field of Screams ဆိုသည့်ကားဖြစ်သည်ကြောင့် သူရိန်တို့ ဒုက္ခရောက်နေပေပြီ။
"မင်းတို့ကောင်တွေယောကျာ်းမဟုတ်ဘူးလား။ ဒါလေးတောင်မကြည့်ရဲရအောင်။ ငါ့သူငယ်ချင်း တွေလို့ပြောရမှာတောင်ရှက် တာကွာ"
"ခွေးသားလေး ပြီးရင် မင်းအရင် ၇ အိမ်ကြား ၈ အိမ်ကြားထအော်တာ"
ဇွဲနိုင် အပြောကို ရှိုင်း ကနားရင်းတစ်ချက်ပိတ်ရိုက်ပြောလာသည်ကြောင့် ခနငြိမ်ကုပ်သွားပြီးမှ မကျေမနပ်ပြန်ပြောလာ၏
"လျှာမရှည် ကြနဲ့ကွာဒါပဲကြည့်....ငါ တကူးတက down ထားပေးတာ"
တကူးတက down ထားပေးတာဆိုသည့်ကောင်သည် လူသတ်ခန်းပင်မရောက်သေး ကားပျက်သည့်အခန်းရောက်သည်နှင့် ဆိုဖာထောင့်ကပ်ကာ သူရိန်ယူထားသည့်စောင်ကို စောင့်ဆွဲ၍ မျက်လုံး ၂ လုံးပဲဖော်ကာခေါင်းမြီးခြုံနေလေပြီ။ ပိုပိုလျှံလျှံ၀ယ်ထားသည့် ကြက်ကြော် ပီဇာ အာလူးချောင်းကြော် cola ဗူး တို့နှင့် အကျအန TV ထိုင်ကြည့်ရသည်က ဇိမ်ကျပေမယ့် ဇွဲနိုင် ၏ တစ်ချက်တစ်ချက် ထ ထ အော်သည့် နားမခံသာသည့်အသံကိုတော့ တော်တော်သီးခံနေရသည်။