Ch 19

182K 12.2K 1.2K
                                    

Unicode

ခါးကိုအနောက်မှ သိုင်းဖက်လာသည့် လက်သွယ်သွယ်လေးကြောင့် အာရုံတွေ သူရိန့်ဆီရောက်နေသောရဝေသော် လန့်သွားရသည်။ အလန့်တကြားလှည့်ကြည့်ဖို့လုပ်ပေမယ့်နောက်လက်တစ်ဖက်ပါ ထပ်ရောက်လာပြီး တင်းတင်းကြပ်ကြပ် ဖက်ထားသည့်အပြင်ပခုံးပေါ် ပင် မေးတင်လိုက်သေးသည်။ ခန္ဓာကိုယ်လှည့်မရတာကြောင့် ပခုံးပေါ်ရောက်နေသည့် မျက်နှာကိုလှည့်ကြည့်လိုက်မိသည့်အခါ ထောင်းကနဲ ၀င်လာသည့်ဘီယာနံ့အပြင် မြင်လိုက်ရသည့်မျက်နှာကြောင့် ရဝေသော် လေပူတစ်ချက်မှုတ်ထုတ်ပြီး ခေါင်းခါလိုက်မိ၏

*ကျစ်.... ကပြားကောင်။ ဘယ်လောက်တောင်သောက်ထားတာလဲဟ*

"အဆင်လေး.... ဘယ်သူ့ကိုကြည့်နေတာလဲ ကြောင်ပေါက်ကိုလား။ မရဘူးနော် ကြောင်ပေါက်ကိုတော့မရဘူး။ လိုချင်ရင် ငါ့ကိုယူ"

"shit..... ခင်ဗျားလိုရုပ်ဆိုးဆိုးကိုကျုပ်ကယူစရာလားဗျ။"

ချက်ချင်းပြန်ပြောလိုက်ပေမယ့် ငြိမ်ကျသွားပြီး ခါးက အနည်းငယ်လျော့သွားသည့်လက်အပြင် ပခုံးပေါ်တင်ထားသည့် ခေါင်းပါ စောင်းကျလာတာကြောင့် ဒီကပြားကောင် အိပ်ဖို့ကြိုးစားနေလေပြီ။ ယိုင်ကျလာသည့် ခန္ဓာကိုယ်ကို ထိန်းပေးပြီး မှီလို့အဆင်ပြေအောင်ထိုင်ပေးရ၏ ရလာသည်က ဘေးမှ သူငယ်ချင်းများ၏ ပြုံးစိစိ နှင့်အကြည့်များပင်။စတွေ့တည်းကအချိုးမပြေသည့်ကပြားကောင်သည် ရဝေ့ကို ခုချိန်ထိကောင်းကျိုးမပေးပေ။ သူရိန် နှင့် တစ်ခုခုတော်စပ်နေတာကြောင့် ရဝေ သီးခံနေရ၏ ပခုံးပေါ်က ဖြူစုတ်စုတ် ကောင်ကို လှည့်ကြည့်ရင်း ဆံပင်တွေနှင့်နီးကပ်နေသည့် ရဝေသော်က ရွှေညိုရောင်ဆံပင်လေးတွေဆီကရသည့်ခေါင်းလိမ်းဆီနံ့ခပ်သင်းသင်းကိုတော့ အနည်းငယ်သဘောကျမိသည်။

ခနကြာတော့ dance ပြိုင်ပွဲကိုကောင်းစွာထိန်းချုပ်ပြီး ခပ်မြူးမြူးဖြစ်အောင် အကောင်းဆုံးကူညီပေးသည့် သူရိန်ကအနားရောက်လာတာကြောင့် ရဝေသော်၏ အလိုမကျသည့်မျက်နှာသည် ပြုံးသွားရသည်။

"ကျေးဇူးပါသူရိန်"

"ရပါတယ်ဗျ ကျေးဇူးတင်စရာမလိုပါဘူး လက်မှတ်ဖိုးပေါ့။ ဒန်နီယယ်မူးနေပြီထင်တယ် ကျွန်တော်ပြန်ခေါ်သွားလိုက်မယ်အစ်ကို"

သက်ဆိုင်သူ (Unicode+Zawgyi)Nơi câu chuyện tồn tại. Hãy khám phá bây giờ