Extra 1

152K 8.7K 1.4K
                                    

Unicode

"ဦးဝေ ဒီဘက်.....ဒီဘက်ရော.........နဖူးလည်းကျန်သေးတယ်"

ကုတင်ပေါ်မှ အိပ်မှုန်စုတ်ဖွားနှင့် မျက်နှာကို ဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်လုပ်ကာ တဖွဖွနမ်းခိုင်းနေသော သူရိန့်ကို ဦးဝေက စိတ်ရှည်လက်ရှည် သူနမ်းခိုင်းသမျှ ခပ်ဟဟ ရယ်ရင်းနမ်းပေးနေ၏ အလုပ်သွားခါနီး ပြင်ဆင်ထားပြီးဖြစ်သည့် ဦးဝေဆီက ရနေကျဖြစ်သည့် ယောကျာ်းဆန်ဆန် ခပ်သင်းသင်းရေမွှေးနံ့က ပျံ့လွင့်နေပေမယ့် သူရိန်ကတော့ မျက်နှာမသစ် သွားမတိုက်ရသေး။ ဇွဲနိုင်ဦးလေး ကုမ္ပဏီတွင် ဦးဝေခွင့်ပြုချက်နှင့် အလုပ်စဝင်နေပြီဖြစ်ပေမယ့် တစ်ပတ်တွင် နှစ်ရက်သာအလုပ်ဆင်းရပြီး အိမ်တွင်သာ Work from home အနေနဲ့ project တွေကိုင်ပေးရသည်ကြောင့် သူရိန်ဒီနေ့လည်း အလုပ်သွားစရာမလို။ ညနက်သည်အထိ စိတ်ပါရင် ပါသလို ဒီဇိုင်းထိုင်တတ်တာကြောင့် ညက သူရိန်အိပ်ချိန်နောက်ကျသည်။ ကျောင်း project ကလည်းတစ်ဖက်မို့ သူရိန် နေ့နေ့ညည စာရွက်တစ်ပုံနှင့် laptop တစ်လုံးနှင့် အလုပ်များနေတတ်၏ ထို့ကြောင့် ဦးဝေက သူရိန့်ကိုမနက်ဆို တော်ရုံမနှိုးပါ။ သို့သော် ဦးဝေအလုပ်မသွားခင် ရနေကျဖြစ်သည့် အနမ်းနုနုကိုလိုချင်သည်ကြောင့် ကုန်းရုန်းထကာ မျက်နှာအနှံ့ တရှုံ့ရှုံ့နမ်းခိုင်းနေသည့် သူရိန်က မျက်လုံးတောင်သေချာမပွင့်ချင်သေး။

"မျက်နှာသစ်၊ သွားတိုက်.... မနက်စာဆင်းစားပြီးတော့မှ အိပ်ချင်ရင်ပြန်အိပ် ကောင်လေး"

"ဟုတ် ဦးဝေ"

"ဒီနေ့စောစောပြန်လာနော် ဦးဝေ"

"အင်း ကိုယ်စောပြန်ခဲ့မယ်"

အခန်းတွင်းတွင် ခပ်ဖွဖွအနမ်းတို့နှင့် ကြည်နူးဖွယ်အငွေ့အသက်တို့ပျံ့လွင့်နေသလောက် အပြင်ဘက်တွင်တော့ မှုန်ကုပ်ကုပ်မျက်နှာပေးနှင့် ရပ်နေသူက ဒန်နီယယ်ဖြစ်သည်။ အနည်းငယ် ဟထားသည့်တံခါးအတွင်းမှ ကြောင်ပေါက်၏ အိပ်မှုန်စုပ်ဖွားအသံနှင့် အစ်ကိုဖြစ်သူ၏ ခပ်ဟဟ ရယ်သံတို့ အတိုင်းသားကြားနေရသည်ကြောင့် ဒန်နီယယ်တစ်ယောက် မရယ်မပြုံးနိုင်ပါ။ အကြောင်းက မနက်မိုးလင်းတည်းက အိမ်ပေါ်အိမ်အောက် ဘယ်နေရာသွားသွား နမ်းနေသည့်မြင်ကွင်းတို့နှင့် မလွတ်သောကြောင့်ဖြစ်၏ ကြောင်ပေါက်အစ်မ၏ စေ့စပ်မင်္ဂလာပွဲပြီးသည်က နှစ်ရက်မျှပင်ရှိသေးသည်ကြောင့် mommy က အမေရိကမပြန်သေး။ အစ်ကိုက အိမ်တွင်ပင်တည်းလို့ရကြောင်းပြော​ထားသည်ကြောင့် လက်ရှိ mommy က အိမ်ရောက်နေသည်။ မိုးလင်းတိုင်း daddy အတွက် black coffee တစ်ခွက်နှင့် ဒန်နီယယ်အတွက် ကြက်ဥကြော် နှင့်ပေါင်မုန့်ကိုပြင်ဆင်​ပေးနေကျ mommy က မြန်မာနိုင်ငံရောက်နေပေမယ့် ၀တ္တရားတို့မပျက်ကွက်ပါ။ မနက်စာစားဖို့ ဆင်းတော့ မီးဖိုးခန်းထဲ ပြင်ဆင်နေသည့် mommy က အရင်၀င်လာသည့် ဒန်နီယယ့်ကို ကျော်လွန်ကာ daddy ကို morning kiss သွားပေးခဲ့သည်လေ။

သက်ဆိုင်သူ (Unicode+Zawgyi)Where stories live. Discover now