Ch 6

200K 12.9K 1.1K
                                    

Unicode

တဒုန်းဒုန်းခုန်နေတဲ့ရင်ဘတ်ကြီးကြောင့် သူရိန် ဂနာမငြိမ်ပါ။ ဒီနေ့ည အောင်စာရင်းထွက်မည်လေ။ နာရီကြည့်မိတော့ ည 12 နာရီထိုးကိုပြနေသည်။အခုမှ အိမ်သာတက်ချင်သလိုလို ရေသောက်ချင်လို ထိုင်ရမလို ထရမလိုနှင့် ဖြစ်နေသည်။ ဦးဝေနှင့်တွေ့မှ စာအသဲအသန်လုပ်တာဖြစ်​လို့အများကြီးမမှန်းရဲပေမယ့် ဦးဝေကိုတော့စိတ်မပျက်သွားစေချင်။ တစ်နှစ်တာပတ်လုံး ဦးဝေ၏ နားချိန်မှန်သမျှကို သူရိန့်အတွက်သုံးပေးထားသည်ကြောင့် ထိုက်တန်သည့်ရလဒ်ကိုတော့ သူရိန်ပြန်ပေးချင်သည်။ ထို့ကြောင့် ဒီနေ့အတွက် သူရိန် တကယ်ကိုစိတ်လှုပ်ရှားနေ၏

ရွတ်နေတဲ့ ဘုရားစာပေါင်းစုံကလဲ ဘယ်ဟာအစ ဘယ်ဟာအဆုံးမှန်းမသိတော့ ဖုန်း ကိုထိုင်ကြည့်နေတာ နာရီဝက်ကျော်လာပြီဖြစ်သည်။ ကိုယ်ဖြေထားတာဘယ်အခြေအနေမှန်းသိပေမယ့် မဟုတ်တဲ့အတွေးတွေတန်းစီဝင်လာ၏ သူရိန်ခေါင်းကိုခါလိုက်မိသည်။ အကောင်းဆုံးပြုလုပ်ခဲ့သည့်ရလဒ်သည် အကောင်းဆုံးသာထွက်လာရမည်။ မေမေက ဘေးနားမှာ ထိုင်စောင့်ပေးရင်း ဖေဖေကတော့ လမ်းလျှောက်ရင်း စောင့်ပေးနေ၏ စိတ်လှုပ်ရှားသည်ကြောင့် လက်သည်းအချင်းချင်းကုတ်ဖဲ့နေရင်းမှ ရုတ်တရတ်တက်လာသည့် ပုံရိပ်များ။

အောင်စာရင်းတင်သည့် website မှတက်လာသည့် ပုံများကိုကြည့်ပြီး သူရိန် လက်ချောင်းတို့အနည်းငယ်လှုပ်ရှားလိုက်သည်။ မေမေက ဘေးမှ စိုးရိမ်တကြီး ကြည့်နေ၏ သူရိန်ကိုယ်တိုင်လည်း အသက်အောင့်ထားမိသည်။ ခုံနံပတ်ကို ခပ်မြန်မြန်ရိုက်ထည့်တော့ ဇေသူရိန်ဆိုတဲ့နာမည် နဲ့ သင်္ချာ၊ ဓါတု၊ ရူပ၊ ဇီဝ ဆိုတဲ့ ဂုဏ်ထူး လေးဘာသာ။ အဖ အမည်က ဦးအောင်မင်းသူ။ သေချာမှန်းသိပေမယ့် ခုံနံပါတ် နာမည် နဲ့ဂုဏ်ထူးကိုအခါခါစစ်နေမိသည်။ သေချာသည်ဆိုတော့မှ မေမေ့ကိုဖုန်းလှည့်ပြတော့ မေမေက သူရိန့်ကို သိုင်းဖက်ပြီး ပါးကိုတရှုံ့ရှုံ့ နမ်းလာ၏ ဖေဖေကတော့ ဘာမှ မပြောပဲ တစ်ချက်သာပြုံး၍ ခေါင်းကိုဖွဖွလာပုတ်ပြီး အိမ်ပေါ်တက်သွားတော့သည်။

"ဦးဝေ...ဦးဝေ...."

ညနက်နေပြီဖြစ်တာကြောင့် မနက်မှ သွားဖို့မေမေပြောပေမယ့် သူရိန်မစောင့်နိုင်ပါ။ ဦးဝေခြံရှေ့အော်ခေါ်ရင်း ခြံတံခါးကြီးကိုလည်း တဒုန်းဒုန်းထုနေမိသည်။

သက်ဆိုင်သူ (Unicode+Zawgyi)Dove le storie prendono vita. Scoprilo ora