Ch 15

219K 13.5K 2.2K
                                    

Unicode

ခြံရှေ့က ကျယ်လောင်စွာမြည်သည့်ကားဟွန်းသံကြောင့် မေမေဟင်းထည့်ပေး ထားသည့် ဗူးလေးတွေဆွဲပြီး ခြံရှေ့အပြေးသွားရသည်။ ဦးဝေကိုမျက်နှာချင်းဆိုင်ဖို့ခက်ခဲတာကြောင့်တံခါးဝမှာတင်ရပ်ကျန်ခဲ့သည့်မေမေ့ကို လက်ပြရင်း ခလုတ်တိုက်မလိုဖြစ်သွားသေးတာကြောင့်အရှိန်မနည်းထိန်းလိုက်ရသည်။ ကားပေါ်တက်တော့မျက်ခုံးတွေတွန့်ချိုးပြီးကြည့်လာတဲ့ဦးဝေကြောင့် ဘာလုပ်ရမှန်းမသိ သူရိန်မျက်လုံးအ၀ိုင်းသား။

"ပေး...ဟင်းဗူးတွေ အနောက်မှာထား"

"ဟုတ်"

"လမ်းလျှောက်ရင် ဂရုစိုက်စမ်းသူရိန်။ ကလေးလည်းမဟုတ်ပဲ လမ်းလျှောက်တာကအစလိုက်သင်ပေးနေရမှာလား"

ကားပေါ်ရောက်တာနှင့် အဆူခံလိုက်ရတာကြောင့် သူရိန် စိတ်ကောက်ချင်ပေမယ့် အခုက စိတ်ကောက်လို့ရနိုင်သည့်အ​ခြေအနေမဟုတ်ပါ။ ခပ်မှန်မှန်မောင်းလာသည့်ကားလေးထဲ သူရိန်ဦးဝေမျက်နှာကို ခိုးကြည့်ရသည်။ ပုံမှန်အခြေအနေဖြစ်နေသည့် မျက်နှာကြောင့် နာမည်ခေါ်ကြည့်သည်။

"ဦးဝေ"

"အင်း"

"ဟို......ကားကိုဘယ်လိုလုပ်မလဲ"

"မနက်မှ ကိုယ်လာယူခိုင်းလိုက်မယ်"

"ဟုတ်"
.
.
"ဦးဝေ"

"အင်း...ပြော"

"သားကိုစိတ်ဆိုးနေလား"

"မဆိုးဘူး"
.
.
"ဦးဝေ"

"ပြော"

"မနက်ကျောင်းသွားဖို့ ကားမရှိဘူး"

"ကိုယ်လိုက်ပို့မယ်"

"ဟုတ်"
.
.
"ဦးဝေ"

"ဇေသူရိန်"

"အိ.....ဗျာ"

"ဘာပြောစရာရှိလို့ဝေ့လည်ကြောင်ပတ်လုပ်နေတာလဲ"

"ဟို.....အဲ.....pizza စားချင်လို့...အဲ့ဒါ....ဟီး....."

"ဟုတ်ပြီ....ဝယ်ပေးမယ်။ ငြိမ်ငြိမ်လေးလိုက်ခဲ့။ အိမ်ရောက်ရင် ကိုယ်နဲ့ရှင်းစရာရှိသေးတယ်"

".........."

သူရိန့်သဘောအတိုင်း pizza hut မှာ ဦးဝေက pizza တစ်ချပ်ဝင်ဝယ်ပေး၏ ရေခဲသေတ္တာထဲက coke ဗူးကိုမျက်စိထဲ မြင်ယောင်လာတော့ သူရိန်အိမ်မြန်မြန်ပြန်ရောက်ချင်လာသည်။ သို့သော် ကိုယ်နဲ့ ရှင်းစရာရှိ​သေးတယ် ဆိုတဲ့စကားကြောင့်တော့ သူရိန် အိမ်ပြန်မရောက်ချင်။ ဦးဝေ ဝယ်ပေး ထားတဲ့ကားကို မမ ကိုပေးမောင်းလို့ဆိုပြီး အိမ်ပြန်ရောက်ရင် ရိုက်တော့မရိုက်လောက်ဘူး မဟုတ်လား။ ပီဇာဗူးလေး ပေါင်ပေါ်တင်ပြီး ဦးဝေ မျက်နှာ ပြန်ခိုးကြည့်မိသည်။ ဒေါသထွက်နေပုံတော့မပေါ်ပေမယ့် သိပ်တော့ စိတ်ကြည်ပုံမရ။
.
.

သက်ဆိုင်သူ (Unicode+Zawgyi)Место, где живут истории. Откройте их для себя