Ch 48

175K 10.6K 438
                                    

Unicode

PARAGON လုပ်ငန်းစု တွင်နှစ်တိုင်းကျင်းပသည့် design ပြိုင်ပွဲ သည် japan company တစ်ခုနှင့် ပူးပေါင်းကျင်းပနေကျပွဲဖြစ်ပြီး အရည်အချင်းနှင့် အရည်အသွေး တို့ကို အကောင်းမွန်ဆုံးဖော်ထုတ်ပြသနိုင်သည့် ပွဲဟုလူသိများ သည်။ ဆရာကိုယ်တိုင် ဥက္ကဌ အဖြစ်ဦးစီးသည့် လုပ်ငန်းဖြစ်ပေမယ့်ထိုသို့ပွဲမျိုးတွင် ဥက္ကဌဖြစ်သည့်ဆရာက လိုအပ်သည့်အထောက်အပံ့ကိုသာစီစဥ်ပေး၍ ၀ါရင့်ပညာရှင်တို့ကိုသာ အကဲဖြတ်ဒိုင်အဖြစ် ကြီးကြပ်စေပြီး မျှမျှတတဖြစ်စေသည်ကြောင့် PARAGON လုပ်ငန်းစု၏ design ပြိုင်ပွဲသည် နာမည်ကြီးသည်။ ပုံမှန်နေ့များထက် လူအ၀င်အထွက်များပေမယ့် ကိုယ့်အာရုံနှင့်ကိုယ် အာရုံစူးစိုက်နေကြသည့် PARAGON လုပ်ငန်းစု၏ ၇ ထပ်မြောက်တွင် ဆရာ့အမိန့်အတိုင်း မင်းမာန် သူရိန့်ကို မျက်စိအောက်ကအပျောက်မခံစွာ ထပ်ကြပ်မကွာလိုက်နေရသည်။ လုပ်ငန်းစုဧရိယာအတွင်း မည်သည့် ကိစ္စမှစိုးရိမ်စရာမရှိပေမယ့် သူရိန့်နားက မင်းမာန်မခွါမိ။

"ဦးဝေ အလုပ်ရှုပ်နေလောက်မယ်ထင်တယ်နော် အစ်ကို"

ဆရာ့ခွင့်ပြုချက်နှင့် PARAGON လုပ်ငန်းစု တွင် ကျင်းပသည့် design ပြိုင်ပွဲကို ၀င်ပြိုင်သည့်သူရိန်က design တင်ပြီး ပြန်ထွက်လာသည်နှင့် မင်းမာန်ဆီလျှောက်လာကာ မေးလာ၏

"ဒီအချိန်လောက်ဆို မအားလောက်ဘူး ထင်တယ် .....ဘာဖြစ်လို့လဲ"

"ကျွန်တော် ဖုန်းဆက်ကြည့်ချင်လို့"

"ဆရာ က လာမယ်လို့ပြောထားရင်ရောက်အောင်လာပါလိမ့်မယ် သူရိန်"

"ကျွန်တော်က ဦးဝေ လာဖို့ထက် အန္တရာယ် ကင်းဖို့အတွက်ပိုမျှော်လင့်တာပါ အစ်ကို"

မင်းမာန်ကို တည့်တည့်ကြည့်ကာ ပြောလိုက်သည့် သူရိန့် စကားကြောင့် မင်းမာန် အနည်းငယ် အံ့သြရသည်။ presentation လုပ်ရမည့်အလှည့်အမှီရောက်အောင်လာမယ် ပြောသွားသည့် ဆရာ့စကားကြောင့် သူရိန် ဆရာ့ကိုမျှော်နေသည် ဟု မင်းမာန်ထင်ပေမယ့် မင်းမာန်အထင် လွဲသွားခဲ့ပြီထင်သည်။

"ကျွန်တော်တို့ ဒီကိုလာတုန်းက အနောက်က ကား ၂ စီးလိုက်လာတာကိုလည်းကျွန်တော်သိသည်။ ကိုမင်းမာန် ကျွန်တော့်နားက လုံး၀မခွါတာကိုလည်းကျွန်တော်သိတယ်။ မနက်က ဦးဝေ Galaxy လုပ်ငန်းစုရဲ့ ရှယ်ယာရှင်အစည်းအဝေးကို ရှယ်ယာရှင် တစ်ယောက်အနေနဲ့သွားတက်ခဲ့တာကြောင့် စီးပွါးရေး သတင်းတွေထဲဂယက်ရိုက်ကုန်တာကိုလည်း ကျွန်တော်သိတယ်။ အခု ဦးဝေ နေ့လည်သွားတွေ့ရမယ့် တင်ဒါကိစ္စကို Galaxy လုပ်ငန်းစုရဲ့ သားကြီးက အသည်းအသန်လိုချင်နေတာကိုလည်းကျွန်တော်သိတယ်"

သက်ဆိုင်သူ (Unicode+Zawgyi)Nơi câu chuyện tồn tại. Hãy khám phá bây giờ