Ch 41

212K 13K 4.1K
                                    

Unicode

dinner လိုက်စားပေးပါဟုတောင်းဆိုခဲ့သည့်ကောင်လေးကြောင့် မပြီးပြတ်သေးသည့်အလုပ်ကို ခပ်မြန်မြန်ပင် လက်စသတ်ပြီး သူရိန်နှင့်လိုက်ဖို့လုပ်ရသည်။  သစ်လွင်တို့ မင်္ဂလာပွဲတက်တုန်းကတောင် suit ကိုအရောင်ဆင်တူမရွေးချယ်ခဲ့သည့် ကောင်လေးသည် အခုတော့ ကြက်သွေးရောင် suit ဆင်တူကို ထုတ်ထားပေးလေသည်။ ပွဲတက် suit ဆင်တူ၀ယ်ပေးတိုင်း သူ့ကိုယ်တိုင်းနှင့် suit က ဝေလင်းရှိန် suit ထက် ပိုသေးနေသည်ကို အမြဲမကျေမနပ်ဖြစ်နေတတ်သည့်ကောင်လေးက ဆင်တူရှိသည့်အရာမှန်သမျှကိုတော့ သီးသန့်သေချာသိမ်းထားတတ်သည်။ အခုလည်း ဖြူဖြူဖွေးဖွေးကောင်လေးသည် ကြက်သွေးရောင် suit လေးနှင့် ပိုတည်ငြိမ်ရင့်ကျက်နေသလိုပင်။

ညနေကတည်းကဖုန်းတစ်လုံးနှင့်တော်တော်ကိုအလုပ်ရှုပ်နေပေမယ့် တစ်နေရာရာသွားမယ်ဆို ဝေလင်းရှိန်ထက်အမြဲကြိုပြင်ဆင် ပြီးကာ စောင့်နေတတ်သည့်ကောင်လေးသည် ဒီနေ့လဲည်းအဆင်သင့်ကြိုဖြစ်နေပေသည်။ လုပ်ပေးနေကျဖြစ်သည့်  necktie ကိုကိုယ်တိုင်ချည်ပေးရင်း မှ မေးဖျားကိုဖြတ်ကနဲနမ်းသွားသည့် အခါ နှုတ်ခမ်းထောင့်များ ကွေးညွတ်အောင် ဝေလင်းရှိန်ပြုံးလိုက်မိသည်။ ဒီကောင်လေး သိပ်ကိုချွဲတတ်လာပေသည်။

ရေချိုးရင်း ဆပ်ပြာရည်ကြောင့် ချောကာ ကျွတ်ကျခဲ့ဖူးကတည်းက မ၀တ်တော့ပဲ သေချာထည့်သိမ်းထားသည့်စေ့စပ်လက်စွပ်လေးသည်လည်း သူရိန် လက်သန်းကြွယ်တွင်တလက်လက်နှင့်ဖြစ်သည်။ ဝေလင်းရှိန်ကတော့  ထိုလက်စွပ်ကိုဘယ်တုန်းကမှ မချွတ်ခဲ့ဖူးပါ။ သူရိန်သည်လူငယ်တစ်ယောက်ဖြစ်သည်ကြောင့် စေ့စပ်လက်စွပ်၀တ်ထားခြင်း မ၀တ်ထားခြင်းကိုဝေလင်းရှိန် မကန့်သတ်ချင်။ သို့သော် သက်လတ်ပိုင်း ယောကျာ်းတစ်ယောက်ဖြစ်သည့် ဝေလင်းရှိန်ကတော့တချို့သောမလိုလားအပ်သည့်ပြဿနာများမရောက်လာစေဖို့ အိမ်ထောင်ရှိပါသည်ဟူသည့် အဓိပ္ပါယ်ကိုဖော်ဆောင်သည့်လက်စွပ်ကိုတော့ကြိမ်းသေ၀တ်ထားမှရမည်။ အိမ်ထောင်ရှိမှန်းသိရက် အတင်းတိုး၀င်လာသည့်ပြဿနာများကို တော့ ပညာသားပါပါ ရှောင်းရှားရသည်လေ။

သက်ဆိုင်သူ (Unicode+Zawgyi)Where stories live. Discover now