Unicode
"ဒန်နီယယ်....သေချာလိုက်ပြော"
"အင်း"
"ကျွန်တော်တို့နှစ်ယောက် နှစ်ဦးသဘောတူ မေတ္တာမျှနေကြတာကြာပါပြီ"
"ကျွန်တော်တို့နှစ်ယောက် နှစ်ဦးသဘောတူ ..... မေတ္တာ ......မျှနေကြတာကြာပါပြီ"
"အရင်ကတည်းကပြောပြပြီး ခွင့်ပြုချက်တောင်းခံချင်ပေမယ့် အခြေအနေမပေးတာကြောင့်အခုမှ ခွင့်ပြုချက်လာတောင်းရပါတယ်"
"အရင်ကတည်းက ပြောပြပြီး......ခွင့်ပြုချက်....အဲ....."
"တောင်းခံချင်ပေမယ့်.."
"အော်......အင်း.....ခွင့်ပြုချက်တောင်းခံချင်ပေမယ့် အခြေအနေ.....အခြေအနေ......အာ.....မသိတော့ဘူး"
"မရဘူး ဒန်နီယယ် သေချာစဥ်းစားပြီးပြောကွာ"
"အာ....baby ရာ baby စကားကအရှည်ကြီးပဲ။ ကိုယ်ဘယ်လိုမှတ်မိမှာလဲ"
"ကျစ်......ဒန်နီယယ် ရအောင်လိုက်ပြောကွာ။ မင်းပြောတော့ငါ့ကိုချစ်တယ်ဆိုပြီး ဒါလေးတောင်မမှတ်နိုင်ဘူးလား"
"Baby ရယ်.....အဲ့ဒါနဲ့မဆိုင်ဘူးလေ။ baby တို့မြန်မာစကားကခက်တယ်ကွ"
"ဘာလို့ခက်ရမှာလဲ.....ငါဆို ၁ နှစ်သားလောက်တည်းကမြန်မာစကားပြောတတ်တယ်။ မြန်မာစကားလောက်လွယ်တာမြန်မာစကားပဲရှိတယ်"
"အမ်......အဲ့ဒါတော့ Baby ကမြန်မာနိုင်ငံမှာမွေးတာလေ"
"မသိဘူးကွာ....ရအောင်ပြော။ မင်းအဲ့ဒါမှ မပြောရင် မေမေ့ကို ဘယ်လိုဖွင့်ပြောမလဲ....ပြော"
"အမေ့သားနဲ့ကျွန်တော်ကြိုက်နေတယ်။ အဲ့ဒါကြောင့် လက်ထပ်ခွင့်ပြုပါ။ အဲဒါဆိုပြီးနေပြီလေ Baby ရ။ လွယ်လည်းလွယ်တယ်။ လိုရင်းလည်းရောက်တယ်"
*ဒေါက်*
"အ.."
"အဲ့လိုဒဲ့ကြီးပြောတော့ မင်းရောငါရော ကန်ချခံရမှာပေါ့ကွ"
ဒန်နီယယ် ခေါင်းတွေကုတ်လိုက် လည်ပင်းတွေပွတ်လိုက် အရှေ့တွင်မကျေမနပ်ထိုင်နေသော baby ကိုကြည့်လိုက်နှင့် ဗျာများနေရသည်။ နှစ်ဖက်မိဘတွေကိုဖွင့်ပြောဖို့တိုင်ပင်ခဲ့ကြတုန်း က အဆင်ပြေခဲ့ပေမယ့် တကယ်တမ်းဖွင့်ပြောမည်လုပ်သည့်အခါ အခက်အခဲများပေါ်လာရတော့သည်။ ဒန်နီယယ့်မိဘတွေက အမေရိကတွင်နေထိုင်ကြသူမို့ gender တူချစ်ကြိုက်ခြင်းကို လက်ခံနိုင်သည့်အတိုင်းအတာဖြစ်သည့်အပြင် အစ်ကိုကိုယ်တိုင် ထိုသို့အိမ်ထောင်ရေးကိုထူထောင်ထားသည်မို့ ဒန်နီယယ့်အတွက် ဖွင့်ပြောရသည်က မခက်ခဲ။ သို့သော် baby မိသားစုအသိုင်းအ၀ိုင်းထဲတွင်တော့ ထိုသို့အစဥ်အလာမရှိ။ ထို့ကြောင့် စကားပြောတစ်ခုခုမှားသွားခဲ့လျှင်ဟူသည့်အတွေးသည် နှစ်ယောက်လုံးတွင်ရှိသည်။ ဒန်နီယယ်က စိတ်ထဲရှိတဲ့အတိုင်းပြောချင်ပေမယ့် baby က ဒန်နီယယ်စကားအပြောမတတ်သည့်အခါ တစ်ခုခုမှားသွားမည်ကိုစိုးရိမ်သည်ကြောင့် သူသင်ပေးသည့်အတိုင်းပြောစေချင်သည်။ ပြဿနာက baby သင်ပေးသည့်စကားသည် ရှည်လွန်းနေသည်။ ဒန်နီယယ် ထိုမျှလောက်မမှတ်နိုင်။
![](https://img.wattpad.com/cover/252338241-288-k148034.jpg)
YOU ARE READING
သက်ဆိုင်သူ (Unicode+Zawgyi)
General Fictionpunishment type ပါ။ အဆင်ပြေတယ်ဆိုမှဖတ်ပါ။