Unicode
"သူရိန် လာစမ်း ဒီကို"
"သား...ကိုယ့်ကိုယ်ကိုယ် ညှပ်ပါမယ်ဆို"
"ဘယ်နရက်ရှိပြီလဲ ကိုယ့်ကိုယ်ကိုယ် ညှပ်မယ်က...."
"ဒီနေ့ ညှပ်လိုက်မယ်"
"မရဘူး အခုလာခဲ့"
လက်သည်းညှပ်တစ်ချောင်းကိုင်ကာ ခေါ်နေပေမယ့် အနားလုံး၀ရောက်မလာသည့်ကောင်လေးက လက်နှစ်ဖက်အနောက်ဖွက်ကာ အခန်းထောင့်ကပ်ရပ်နေသည်မှာ ပေကပ်ကပ်နှင့်။ ဝေလင်းရှိန်လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။ လက်မတွင်တစ်ချောင်းတည်းအရှည်ထားတတ်သည့်လက်သည်းသည် တော်တော်ရှည်နေပြီဖြစ်ပေမယ့်ဝေလင်းရှိန် အရင်တုန်းကဘာမှ မပြောခဲ့။ သို့သော် တစ်နေ့က မျက်နှာသစ်ရင်း မတော်တဆခြစ်မိသည့် ဒဏ်ရာသည် နားအောက်ဘက်မှ မေးရိုးတစ်လျှောက်တော်တော်ပင်ရှည်၏ သွေးပင်စိမ်ထွက်သည် ဖြစ်၍ နောက်တစ်ကြိမ်ထပ်မထိခိုက်မိအောင်ထိုလက်သည်းကိုညှပ်ခိုင်းခဲ့ပေမယ့် ဇေသူရိန်တစ်ယောက်ကတော့ နေ့ရွှေ့ ညရွှေ့နှင့်။ ထို့ကြောင့် ဝေလင်းရှိန်ကိုယ်တိုင်ညှပ်ပေးဖို့လုပ်ရတော့သည်။ လျှင်လွန်းသည့်ကောင်လေးကတော့ ဝေလင်းရှိန်လက်ထဲ လက်သည်းညှပ်တွေ့သည်နှင့် လှစ်ကနဲအဝေးရောက်သွားသည်မှာ ခေါ်လို့ပင်မရတော့။ ဒီကောင်လေးကဝေလင်းရှိန် သီးခံနိုင်စွမ်းကိုစမ်းနေလေပြီ။ ဘာမှဆက်မပြောတော့ပဲ ဆိုဖာပေါ်သွားထိုင်တော့ ဝေလင်းရှိန်ကိုလိုက်ကြည့်နေသည့်ကောင်လေးက မျက်နှာငယ်လေးနှင့်။
"ဇေသူရိန်......ဒီရှေ့လာခဲ့မယ်"
မျက်မှောင်ကြုံ့ကာ လေသံခပ်မာမာခေါ်တော့ ဝေလင်းရှိန်မျက်နှာရိပ်မျက်နှာကဲကိုတစ်ချက်လှမ်းကြည့်သည့်ကောင်လေးက အခြေအနေကိုအကဲခတ်နေသေးသည်။သူဂျစ်တိုက်လို့ရသည့်အခြေအနေမဟုတ်တော့မှန်းသဘောပေါက်သွားလို့ထင်.....ခနအကြာ တွန့်ဆုတ်တွန့်ဆုတ် နှင့်အနားရောက်လာ၏
"လာထိုင်"
လာထိုင်ဆိုတော့မှ ပေါင်ပေါ်ရောက်လာသည်ကောင်လေးကို အရှေ့ဘက်ဆွဲလှည့်ပြီး အနောက်မှ သိုင်းဖက်သည့်အခါ သူလှုပ်မရတော့သည့်အခြေအနေကြောင့် မကျေမနပ်ဖြစ်နေပေမယ့် ဝေလင်းရှိန်၏တည်ထားမိသည့်မျက်နှာကြောင့်ညိမ်ညိမ်လေးသာထိုင်နေသည်ကောင်လေးက အသည်းယားစရာပင်။ လက်တစ်ဖက်ကိုဆွဲယူ၍ လက်မကတော်တော်ပင်ရှည်နေပြီဖြစ်သည့် လက်သည်းကြည်ကြည်ကိုညှပ်ပေးတော့ သူ့လက်လေးကိုအနောက်ပြန်ဆွဲ၏ လက်တစ်ဖက်ကိုဆုပ်ကိုင်ထားသည့် ဝေလင်းရှိန် အားကိုမယှဥ်နိုင်သည်ကြောင့် ပြန်ဆွဲမရပဲ ညှပ်ခံလိုက်သည့်အခါ ငိုမဲ့မဲ့ဖြစ်လာသည့်မျက်နှာလေးနှင့် ဝေလင်းရှိန်လက်တစ်ဖက်တွင်ကိုင်ထားသည့်သူ့လက်သည်းအကျိုးလေကိုနှမြောတသစွာလိုက်ကြည့်နေပြန်၏
STAI LEGGENDO
သက်ဆိုင်သူ (Unicode+Zawgyi)
Narrativa generalepunishment type ပါ။ အဆင်ပြေတယ်ဆိုမှဖတ်ပါ။