Unicode
စားပွဲပေါ်မေမေတင်ပေးထားသည့် အစိမ်းရောင်စပျစ်သီးများကို ခပ်တွေတွေစိုက်ကြည့်နေသည့် မောင်ဖြစ်သူကို ကြည့်ပြီးခေတ်ရွှန်းသူ စိတ်မကောင်း။ စပျစ်သီးစားရင်အခွံခွါပြီးမှ စားတတ်တဲ့သူရိန့်ကို စပျစ်သီးတစ်လုံးအခွံခွါ၍ ကမ်းပေးလိုက်သည်။ ကမ်းပေးသည်ကိုယူစားလိုက်ပေမယ့် သူရိန့်အာရုံတို့သည်အပြင်မှာရှိမနေ။ အမြဲတက်ကြွပြုံးပျော် နေတတ်သည့်ကောင်လေး ငြိမ်နေပြန်တော့ ခေတ် ဘာလုပ်ပေးရမှန်းလဲမသိ။ လွန်ခဲ့တဲ့ ရက်ပိုင်းက တက်လာသည့် သူရိန့်သတင်းများကြောင့် ကိုဝေလင်းနဲ့ ပြဿနာတက်မည်ဟု ထင်ခဲ့ပြီး စိတ်ပူခဲ့သည့်ကြောင့်အခြေအနေမေးခဲ့ပေမယ့် *ဒီပြဿနာကိုကျွန်တော်ကိုယ်တိုင်ဖြေရှင်းရမယ်* ဟူသည့်စကားမှ လွဲဘာမှဆက် မေးမရပေ။
"မမ ကူညီပေးနိုင်တာဘာရှိလဲသူရိန်"
"မမ"
"အင်း"
"ဦးဝေက ကျွန်တော့် ကို အရမ်းတော့စိတ်မပျက်သွားလောက်ဘူးမလားဟင်"
"ဘာလို့စိတ်ပျက်ရမှာလဲသူရိန်ရယ်"
"ကျွန်တော် အမြဲ ဦးဝေကိုပင်ပန်းအောင်ပဲလုပ်မိနေတယ် ထင်တယ်။ အခုလည်း ဖေဖေ နဲ့ပူးပေါင်းထားတဲ့အိမ်ယာစီမံကိန်း အကောင်အထည်ပေါ်ကာနီး ကျွန်တော့်သတင်းကြောင့်အလုပ်တွေပိုရှုပ်နေရပြီ။ ညနက်ထိလည်း ဦးဝေအလုပ်လုပ်နေရတယ်။ ပြီးတော့ ဦးဝေကို ဒီပြဿနာကိုတစ်ပတ်အတွင်း ကိုယ်တိုင်ဖြေရှင်းပါ့မယ်လို့ကတိပေးထားပြီး အချိန် ၃ ရက် ကုန်သွားပြီ။ တစ်ရက်ထက်တစ်ရက် သတင်းတွေကပိုကြီးထွားလာပေမယ့်ကျွန်တော်ဖြစ်ဖြစ်မြောက်မြောက်လုပ်နိုင်တာဘာမှ မရှိသေးဘူး။ ကြာရင် ဦးဝေက ကျွန်တော့်ကိုစိတ်ပျက်သွားတော့မယ်ထင်တယ်"
"ကိုဝေလင်း သူရိန့်အပေါ် ဘယ်လိုသဘောထားလဲဆိုတာကိုဘာလို့မြင်အောင်မကြည့်တာလဲ သူရိန်။ အပြင်လူတွေတောင်မြင်နေရတဲ့ကိစ္စကိုသူရိန်ကမမြင်ဘူးလား"
"........"
ခေတ်ရွှန်းသူ အားမလိုအားမရပြောမိသည့်အခါ သူရိန်မျက်လုံး၀င့်ကြည့်လာ၏
![](https://img.wattpad.com/cover/252338241-288-k148034.jpg)
ВЫ ЧИТАЕТЕ
သက်ဆိုင်သူ (Unicode+Zawgyi)
Художественная прозаpunishment type ပါ။ အဆင်ပြေတယ်ဆိုမှဖတ်ပါ။