Unicode
"အစ်ကို"
"အင်း"
"ကျွန်တော် မောင်းမယ်လေနော်"
"မရဘူး"
"ဦးဝေ သိတာမှ မဟုတ်တာကို အစ်ကိုကလဲ"
"မသိလည်း ကျွန်တော်သိအောင်ပြောမှာပါ"
"ဟင်..... အစ်ကိုကဘာလို့ပြောမှာလဲ။ အစ်ကိုလည်း မပြော ကျွန်တော်လည်း မပြောရင်သိစရာအကြောင်းမှ မရှိတာကို"
"ဆရာ ကလိမ်တာမကြိုက်ဘူး"
ကိုမင်းမာန်အဖြေကြောင့် သူရိန်စိတ်ညစ်သွားသည်။ ဦးဝေ ဆီအလုပ်လုပ်တဲ့သူတွေ ဒီလိုပုံစံတွေချည်းဖြစ်သည်လားမသိ။ မမ နဲ့စကားပြောချင်တာကြောင့် အိမ်တစ်ရက်ပြန်ဖို့ ဦးဝေဆီခွင့်တောင်းသည်ကို ၃ ရက်လောက်ပြောယူလိုက်ရပြီး နောက်ဆုံးခွင့်ပြုသည့်အခါတွင်လည်း ကိုမင်းမာန်ကိုထည့်လွှတ်လိုက်ခြင်းပင်။ အင်းလျားကန်သွားသည့်ရက် က ညဘက်ဖြစ်သည့်ကိစ္စကြောင့် သူရိန်ဘယ်သွားသွား မင်းမာန်လိုက်ရမည်ဟူသည့်အမိန့်ပါထပ်တိုးသည့်အခါ သူရိန် ကိုယ့်အပြစ်နှင့်ကိုယ်မို့မလွန်ဆန်နိုင်ခဲ့။ ထိုအထိပြဿနာမရှိသေး။ သို့သော်ပြဿနာက ကားကိုလည်း သူရိန်ကိုယ်တိုင်မောင်း၍မရပဲ ကိုမင်းမာန်မောင်းခြင်းပင်။ လူငယ်ဆန်ဆန် ခပ်မိုက်မိုက်ကားကိုစိတ်ကြိုက်ရွေးထားပြီးမှ ဘေးတွင်ငုတ်တုပ်ထိုင်လိုက်ရခြင်းက ဖီလ်းအောက်လွန်းသည်။ ရသလောက်ညှိကြည့်ပေမယ့် စကားကို လိုတာထပ်ပိုမပြောတတ်သည့်ကိုမင်းမာန်အဖြေကရှင်းလွန်းသည်။ ထပ်ညှိလို့လည်းမဖြစ်တော့။ နောက်တစ်ခေါက်ထပ်ပြောလျှင် ဦးဝေဆီ ချက်ချင်း သတင်းပို့ပြီးသားဖြစ်သွားလိမ့်မည်။ ရှိုးရာတွေမပျောက်သေးတာကြောင့်အိမ်ပြန်ရောက်လျှင်သူရိန်ထပ်အကျွေးမခံလိုပေ။ ထို့ကြောင့် သူရိန် ကားပြတင်းတစ်ဖက်ကိုသာငေးရင်း ရင်ဆိုင်ရမည့်ပြဿနာကိုစဥ်းစားရင်းသာနေလိုက်သည်။
မိနစ်အနည်းငယ်မောင်းပြီးသည့်အခါ ခြံရှေ့ တံခါးဖွင့်အဆင်သင့်စောင့်နေသူက ကြီးကြီးမြဖြစ်သည်။ မလာခင်ကဖုန်းကြိုဆက်ထားသည်မလို့ ကြီးကြီးမြ ထွက်စောင့်နေခြင်းဖြစ်သည်။ သားသမီးမရှိပဲအပျိုကြီးဖြစ်သည့်ကြီးကြီးမြသည် သူရိန့်အပေါ်သံယောဇဥ်ကြီးသည်။ သူရိန်လာမည်ဆိုသည့်နေတိုင်းသူရိန်ကြိုက်တာတစ်ခုခုလုပ်ထားတတ်ပြီးခြံရှေ့ထွက်စောင့်နေတတ်သည်။ ထို့ကြောင့်ခြံ၀မှာပင်ခနရပ်ခိုင်းပြီး ကြီးကြီးမြကိုပြေးဖက်နှုတ်ဆက်လိုက်သည်။
ВЫ ЧИТАЕТЕ
သက်ဆိုင်သူ (Unicode+Zawgyi)
Художественная прозаpunishment type ပါ။ အဆင်ပြေတယ်ဆိုမှဖတ်ပါ။