Ch 52

214K 11.7K 4.1K
                                    

Unicode

မျက်ခုံးတန်းခပ်ပြေပြေကို လက်မနှင့် ဖွဖွ ပွတ်မိတော့ အနည်းငယ်တွန့်ချိုးလာသည့် မျက်ခုံးတန်းလေးကြောင့် ဝေလင်းရှိန်ပြုံးလိုက်မိသည်။ မျက်တောင်စိပ်စိပ်လေးများတဖျပ်ဖျပ်ခတ်လာသည့်အခါ နိုးလာပြီဖြစ်သည့်ကောင်လေးသည် မိုးလင်းတိုင်းမျက်လုံးနှစ်ဖက်ပွတ်တတ်သည့် အကျင့်အတိုင်း လက်လေးနှစ်ဖက်ကိုသူ့မျက်လုံးဆီဦးတည်လိုက်သည်ကြောင့် လက်နှစ်ဖက်ကို ဝေလင်းရှိန် လက်တစ်ဖက်နှင့် ချုပ်ထားလိုက်သည်။

"မျက်လုံးမပွတ်ရဘူး"

ဝေလင်းရှိန် အသံကြားသည့်အခါ မျက်လုံးလေး၀င့်ကြည့်လာသောကောင်လေးသည် အိပ်ရေးမ၀သေးပုံပင်။ အိပ်ရေးမ၀သေးပဲနှောင့်ယှက်ခံလိုက်ရသည်ကြောင့် သိပ်ကျေနပ်ပုံမပေါ်သည့်ကောင်လေးသည် ခနအကြာ ခပ်တိုးတိုးအသံလေးထွက်လာ၏

"ဦးဝေ~~~"

"အင်း"

"ထပ်အိပ်အုံးမယ်"

"ဒီကိုလာ"

လက်တစ်ဖက်ထောက်ကြည့်နေရာမှ ပက်လက်လှန်ချကာရင်ဘတ်ဖွင့်ခေါ်မိတော့ ခန္ဓာကိုယ်ပေါ် ခွတက်လာသည့် ကောင်လေးသည် ရင်ဘတ်ပေါ် မှောက်ရက်လေးတက်အိပ်လာ၏ ဝေလင်းရှိန် ရှပ်အဖြူခပ်ကြီးကြီးကို ကောက်စွပ်ထားသည်ကြောင့် ပေါင်တစ်၀က်လောက်ထိပင်ရောက်နေသည့် အင်္ကျီခပ်ကြီးကြီးထဲမြုပ်နေသည့်သူရိန်က အပေါ်ပိုင်းဗလာကျင်းနေသည့် ဝေလင်းရှိန်ရင်ဘတ်ကိုတစ်ချက်တစ်ချက်လည်းခိုးနမ်းသေး၏ တင်ပါးအိအိကိုလက်နှင့် ဖွဖွ ပုတ်ပေးတော့ ဇိမ်ခံနေသည့်ကောင်လေးသည် အိပ်ရေးမ၀ပေမယ့် ထပ်အိပ်မည့်ပုံတော့မပေါ်။

"ရေချိုးရမယ်လေ သူရိန်"

"ငါးမိနစ်ပဲ ဦးဝေ"

"ဒီနေ့ တွေ့ဆုံပွဲရှိတယ်မလား"

"ဟင်"

ဝေလင်းရှိန် သတိပေးမှ သတိရကာ ဆတ်ကနဲ ထထိုင်သည့် သူရိန်က ဝေလင်းရှိန်ပေါ် တက်ခွရက်နှင့် ဗိုက်ပေါ်လက်လေးတစ်ဖက်ထောက်ကာ ရက်စွဲကို ပြန်စဥ်းစား၏ ထိုးထိုးထောင်ထောင်ဖြစ်နေသည့် ဆံပင်နှင့် အိပ်ယာထကာစ ခပ်အစ်အစ်ဖြစ်နေသည့်မျက်နှာလေးကို မနက်လင်းတိုင်း မြင်နေရသည်က စိတ်ချမ်းသာစရာပင်။

သက်ဆိုင်သူ (Unicode+Zawgyi)Место, где живут истории. Откройте их для себя