Unicode
"ဦးဝေ"
"အင်း"
"သား....အလုပ်လုပ်ချင်လို့"
မနက် ၁၀ နာရီကျော်မှစားရသည့်မနက်စာ၀ိုင်းတွင် သူရိန်ပြောလာသည့်စကားကြောင့် သောက်လက်စ ကော်ဖီခွက်ကိုချကာ ဦးဝေက သူရိန့်ကိုကြည့်လာ၏ ဦးဝေ မျက်နှာပေါ်မှ အရိပ်အယောင်သည် လေးနက်တည်ကြည် သွားသည့်အခါ သူရိန် လက်ထဲမှ စားလက်စမုန့်ကိုချပြီး ဦးဝေဘက်လှည့်လိုက်၏
"မင်း ကျောင်းမပြီးသေးဘူးလေ သူရိန်"
"အချိန်ပိုင်းပါပဲ ဦးဝေ....သူတို့လိုချင်တဲ့ ဒီဇိုင်းကို သွားဆွေးနွေးပြီး ဆွဲတဲ့အပိုင်းကို အိမ်ကနေလုပ်လို့ရပါတယ်"
"ကျောင်းတစ်ဖက်နဲ့ ပင်ပန်းမယ်သူရိန်။ အပြင်မှာ အလုပ်လုပ်တယ်ဆိုတာကျောင်းက project ကိုဆွဲပေးရတာနဲ့မတူဘူး။ ကျောင်းက project ဆိုတာက မင်းစိတ်ကူးအတိုင်း စိတ်ကြိုက်ဆွဲရတာ။ မင်းက အပြင်မှာအလုပ်လုပ်ပြီဆိုရင်တော့ customer ရဲ့စိတ်ကြိုက်ဆွဲပေးရတာ။ မင်း ၃ ရက်လောက်ကြိုးစားပမ်းစားဆွဲထားတဲ့ ဒီဇိုင်းတစ်ခုကိုလည်း သူတို့ကကြိုက်ချင်မှ ကြိုက်မှာ.....။ ကျောင်းကချပေးတဲ့ project တွေ အတွက်တင် မင်းပင်ပန်းနေပြီ။ အလုပ်က project တွေပါ ပါလာရင် မင်းပိုပင်ပန်းလိမ့်မယ်။ လူပင်ပန်းတာထက်စိတ်ပင်ပန်းလိမ့်မယ်။ အဲ့ဒီ့လို pressure တွေအတွက် မင်းမှာလုံလောက်တဲ့ ခံနိုင်ရည်ရှိလား"
"သား....လုပ်ကြည့်ချင်တယ်"
"........"
ဒီတစ်ခေါက်စာမေးပွဲပြီးလျှင် BE ပြီးတော့မည်ဖြစ်သည့် သူရိန်သည် Master တန်း ဆက်တက်ရင်း ဝေလင်းရှိန် လုပ်ငန်းထဲ ၀င်ဖို့ပြောဖူးပေမယ့် ဘာစိတ်ကူးထပေါက်မှန်းမသိသည့်ကောင်လေးသည် Master တန်း၀င်ရန်ပြင်ဆင်ရဖို့ထက် အလုပ်လုပ်ရန်ပိုအားသန်နေလေပြီ။ ဒီကောင်လေးကိုမပင်ပန်းစေချင်ပေမယ် ဘ၀ကိုအိမ်မှာနေရင်းအဓိပ္ပါယ်မဲ့ ဖြတ်သန်းစေဖို့ ဝေလင်းရှိန်တွင်စိတ်ကူးမရှိပါ။ အောင်မြင်မှု နှင့် ကျရှုံးမှုတစ်လှည့်စီ ဖြစ်တည်သည့် ဘ၀ကို ရဲရဲလျှောက်လှမ်းကြည့်စေချင်သည်။ အောင်မြင်သည့်အခါ ချီးကျူးလက်ခုပ်သံများနှင့် ကောင်လေးကို ဝေလင်းရှိန်မြင်ချင်သည်။ ကျရှုံးသည့်အခါ ထိုကောင်လေးအတွက် နားခိုရာရင်ခွင်သည်ဝေလင်းရှိန် ဖြစ်ပေးနိုင်သည်။ သို့သော် အခုအခြေအနေသည် သူရိန့်အတွက်လုပ်ငန်းခွင်၀င်ဖို့စောလွန်းနေသေး၏ ထို့ကြောင့်မျက်ခုံးများအနည်းငယ်တွန့်ချိုးမိသည့်အခါ ဝေလင်းရှိန်မျက်နှာကိုမလွတ်တမ်းလိုက်ကြည့်တတ်သည့်ကောင်လေးသည် ဖြေရှင်းချက်ပေးလာတော့သည်။
ВЫ ЧИТАЕТЕ
သက်ဆိုင်သူ (Unicode+Zawgyi)
Художественная прозаpunishment type ပါ။ အဆင်ပြေတယ်ဆိုမှဖတ်ပါ။