Ch 25

201K 12.3K 556
                                    

Unicode

အခန်းထဲ အိပ်ယာပေါ် မနက်နိုးကတည်းက သူရိန် ထိုင်နေတာဖြစ်သည်။ 5 ရက်။ တိတိ ကျကျပြောရရင် 5 ရက်နဲ့ 11 နာရီရှိပြီ။ ဦးဝေက မနက်မိုးလင်း အလုပ်စောစောထသွားပြီး ညနေအလုပ်မှပြန်လာချိန် စာဖတ်ခန်းတွင်သာအချိန်ကုန်၍ ညဘက် သူရိန်အိပ်မှ အခန်းထဲ​​ပြန်ဝင်လာသည်မှာ 5ရက်နဲ့ 11နာရီ တိတိရှိပြီ။ ဒီနေ့မနက် သူရိန် စောစောထ၍ *ကျွန်တော်ပြောစရာရှိပါတယ် ဦးဝေ* လို့ပြောလိုက်ပေမယ့် *ကိုယ်မအားဘူးဇေသူရိန် နောက်မှ ပြော* ဆိုသည့်စကားကိုအင်္ကျီကြယ်သီးတပ်ရင်းပြောသွားသည်မှာ သူရိန့်ကို တစ်ချက်မျှပင်လှည့်မကြည့်။ အလိုလိုစီးကျလာသည့်မျက်ရည်စီးကြောင်းကိုလည်း သူရိန်မသုတ်မိတော့ ။ ပထမဆုံးအကြိမ် ဦးဝေဆီမှလျစ်လျူရှုခံလိုက်ရခြင်းက သူရိန့်ကိုရင်ဘတ်ထဲ စူးစူးနင့်နင့်နာကျင်စေသည်။

သူရိန် ကိုယ့်အပြစ်ကိုယ်သိပါသည်။ ပေးတဲ့အပြစ်ခံဖို့ပြင်ဆင်ထားပေမယ့် လျစ်လျူရှုမှုသာပြန်ရသည့်အခါ သူရိန် တကယ်ကိုအဆင်မပြေပါ။ ပြဿနာဖြစ်ပြီး ပြီးပြီးချင်း နောက်နေ့ အမေရိက ပြန်ရသည့် ဒန်နီယယ်က မပြန်ခင်ဦးဝေနှင့် ၀င်တွေ့၍ စကားပြောသွားသေးပေမယ့် သူရိန်အပြစ်ပေါ့အောင်ပြောခဲ့သည့် ဒန်နီယယ် အကြောင်းပြချက်များကနည်းနည်းလေးမှ အသုံးမဝင်ပါ။

ဒီနေ့တော့ သူရိန် ဒီတိုင်းထပ်မနေနိုင်တော့ပါ။ မရ ရတဲ့နည်းနဲ့ ဦးဝေနှင့်စကားပြောဖို့ကြိုးစားရတော့မည်။ ထို့ကြောင့်အိပ်ယာမှဆင်း၍ ရေချိုးခန်းထဲဝင်ကိုယ်လက်သန့်စင်လိုက်သည်။ လုပ်စရာရှိသည်များကိုအစဥ်အတိုင်းလုပ်ရင်း စောင့်နေရသည်။ နာရီလက်တံ က ဒီနေ့မှ ရွေ့တာနှေးလွန်းသလိုပင်။
.
.
.
.
ခြံရှေ့မှ မြည်လာသည့်ကားဟွန်းသံကြောင့် သူရိန် အောက်ထပ်ပြေးဆင်းလာသည်။ ဒီရက်ပိုင်း ဦးဝေအိမ်ပြန်နောက်ကျတာကြောင့် ၅နာရီခွဲပြန်ရောက်နေကျကားလေးသည် ၇နာရီ မှ ပြန်ရောက်ရသည်။သူရိန်အောက်ရောက်တော့ ဦးဝေကားသိမ်းပြီး ဝင်လာတာကြောင့် လက်ထဲမှ အိတ်ကို သွားယူပေးတော့ ကမ်းပေးလာ၏ အနောက်မှ လိုက်ဝင်ရင်း အခန်းထဲ ရောက်သည့်အခါ နက်တိုင်ကိုဆွဲချွတ်လိုက်သည့် ဦးဝေက အနည်းငယ်စိတ်ရှုပ်နေပုံပင်။ လက်မှ နာရီကိုချွတ်ပြီး ရေချိုးခန်းထဲ တန်းဝင်သွားတာကြောင့် သူရိန် ဘာမှ မပြောမိ။ အဝတ်တစ်စုံထုတ်ပေး၍စောင့်နေသည့်အခါ အခန်းထဲ သူရိန် ထိုင်ရမလိုထရမလိုနှင့်။ ဦးဝေကိ စကားပြောဖို့သတ္တိမွေးရသည်က ထိုမျှပင်ခက်ခဲ၏ နာရီဝက်ခန့်ကြာသည့်အခါထွက်လာသည့် ဦးဝေက ခါးတွင် Bathrobe တစ်ထည်သာပတ်ထား၏ လက်မောင်းမှ ထင်ထင်ရှားရှားအမာရွတ်ကိုတွေ့သည့်အခါ သူရိန် နှုတ်ခမ်းဖိကိုက်မိသည်။ သူရိန့်ရှေ့ အစိမ်းချုပ်ခဲ့သည့်သွေးစက်လက်ကျနေသည့် ဒဏ်ရာက မမကြောင့်ရခဲ့သည့်ဒဏ်ရာမဟုတ်ပါလား။

သက်ဆိုင်သူ (Unicode+Zawgyi)Où les histoires vivent. Découvrez maintenant