Ch 54

174K 10.8K 1.3K
                                    

Unicode

"ကိုဖြိုး ..... ဒေါက်တာ သစ်လွင် ရောက်နေတာလား"

"ဟုတ်တယ် သူရိန်.....နာရီ၀က်လောက်တောင်ရှိပြီ"

"အာ.....စောတာပဲ"

ခြံထဲကားပါကင်ထိုးပြီးသည်နှင့် ဒေါက်တာသစ်လွင်ကားကိုတွေ့လိုက်သည်ကြောင့် ပန်းပင်ရေလောင်းနေသည့် ကိုဖြိုးကိုသူရိန်လှမ်းမေးလိုက်သည်။ ၄ နာရီမှ လာမယ်ပြောထားပြီး စောရောက်နေသည်ကြောင့် သူရိန် တစ်ခုခုကိုစဥ်းစားပြီး အိမ်ထဲခပ်မြန်မြန်ပင် ၀င်လာလိုက်သည်။ ဒေါက်တာသစ်လွင်က ဘာလို့စောရောက်နေတာလဲ။ သူရိန် မသိအောင် ဦးဝေကို ဆေးထိုးဖို့များလား.....။

ဆေးထိုးအပ်သာမက ပြောင်လက်ချွန်ထက်သည့်အရာအရာမှန်သမျှကိုကြောက်တတ်သည်က သူရိန့်အကျင့်ဖြစ်သည်။ ထို့ကြောင့်ထိုသို့သောအရာများနှင့် ဝေးဝေးနေတတ်သလို့ အန္တရာယ်များသည့် ထိုအရာများရန်ကလည်းဦးဝေကို ကာကွယ်ပေးရမည်လေ။

သူရိန်အိမ်ထဲရောက်တော့ ဒေါက်တာသစ်လွင်နှင့် ဦးဝေက အိမ်ပေါ်မှ ဆင်းလာ၏ အလုပ်နေ့တစ်ပိုင်းပဲဆင်းမယ်လို့ ဦးဝေ မနက်ကပြောသွားသည်ကြောင့် နေ့လည်ကတည်းကပြန်ရောက်နေပုံပင်။ ဖိနပ်အမြန်ချွတ်ကာ ဦးဝေနားအပြေးသွားပြီး ဦးဝေဘေးကပ်ရပ်တော့ ဒေါက်တာသစ်လွင်က ခပ်ဟဟ တစ်ချက်ရယ်၏

"မင်းယောင်္ကျားကို ဒီတစ်ခါ ဆေးမထိုးခဲ့ဘူးနော်။ နောက်တစ်ခါ မင်းဂရုမစိုက်လို့ ဒီလိုဒဏ်ရာတွေထပ်ရလာရင်တော့ ဆေး ၅ လုံးလောက်ထိုးမှရမယ်"

"ကျွန်တော် ဂရုစိုက်ပါတယ်ဆို။ ဦးဝေက ကျွန်တော့်စကားနားမထောင်တာ"

"ဟ......မင်းဂရုစိုက်ရင်ငါ့သူငယ်ချင်းဒီလိုဖြစ်စရာအကြောင်းမရှိဘူးနော်။ မင်းဂရုမစိုက်လို့ ဒီလိုဒဏ်ရာရတာ"

သစ်လွင်၏ ခပ်နောက်နောက်စကားကြောင့် မကျေမနပ်ဖြစ်သွားသည့် သူရိန့် မျက်နှာကိုကြည့်၍ သစ်လွင်က အောင်နိုင်သူအပြုံးနှင့်။ သူရိန့်ကိုတွေ့တိုင်း တစ်ခုခုစလိုက်ရမှ ကျေနပ်သည့်သစ်လွင်က တစ်ခါတစ်လေ သူရိန်နှင့်လည်း ယှဥ်ရန်ဖြစ်တတ်သေးသည်။ ကျောင်းကတည်းက သူသဘောကျတဲ့ သူတွေရှေ့ဆိုကလေးဆန်တတ်သည့်သစ်လွင်၏ အကျင့်သည် ဆရာ၀န်တစ်ယောက်ဖြစ်လာသည်ထိမပျောက်သေး။ ထို့ကြောင့်လည်း မင်းဟိန်းက ဝေလင်းရှိန်ကိုတွေ့တိုင်း *ငါက ယောကျာ်းယူထားတာမဟုတ်ဘူး ကလေးမွေးထားတာ*ဟု အမြဲပြောနေသည်ထင်ပါ၏

သက်ဆိုင်သူ (Unicode+Zawgyi)Where stories live. Discover now